ပဲခူး နိုဝင်ဘာ ၂၇ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား နိုဝင်ဘာလ(၂၇)ရက်နေ့တွင် (ဒုတိယနေ့အဖြစ်) ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရားယာဉ်ရပ်နားဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ လူဦးရေ(၁)သောင်းအား ဘဲဥကြော်ချက်၊ ဘာလချောင်ကြော်၊ သီးစုံ ပဲကုလားဟင်းတို့ဖြင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာလာရောက်သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ သည်။ ဆက်လက်၍ ညပိုင်းအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တို့သည် တန်ဆောင်တိုင်ပွဲတော်တွင် တိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် မြို့နယ်အလိုက် ထွက်ရှိသော စားသုံးကုန်၊ လူသုံးကုန်နှင့် …
Read More »Bago Manager ZWL
ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲ စတင်ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၆ ============= ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၂၆) ရက်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အလှည့်ကျဂေါပကအဖွဲ့ဝင်တို့က (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယက္ကန်းအဖွဲ့များ စတင်ရက်လုပ်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်း(၃)ချက်တီးပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် သုဇာတ စင်တော် ယက္ကန်းအဖွဲ့များမှ မသိုးသင်္ကန်း …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေ ရေး မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်
ပြည် နိုဝင်ဘာ ၂၂ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေး ဘက်စုံကြိုးပမ်း ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့က ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း အထွက်ကောင်း မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကောက်စိုက် လုပ်သားရှားပါးမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသခံတောင်သူများအား လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံအား Video Clip ဖြင့် ရှင်းလင်းပြောကြာခဲ့ပြီး …
Read More »အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၀ ============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်ဖြစ်သည့် “တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြှင့်တင်ရေး” ဆိုသည့်အတိုင်း အသေးစက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေး နှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းစိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည် နိုဝင်ဘာ ၁၉ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၉)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့အတွင်းစိုက်ပျိုးစွမ်းအား မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်ရွှေ၏ မိုးစပါး ထိုင်းနှံကောက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ အစိုတင်း(၁၅၀)၊ အခြောက် တင်း(၁၃၆)တင်း ထွက်ရှိခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ သဲကျဲကြီးကျေးရွာအုပ်စုရှိ မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုန်(၃၈၀)ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် ဝါးကောက်သိမ်းပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး သင့်တော်သည့်ဝါဈေးနှုန်းရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် စက်ရေတွင်းတူးဖော်နိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်းတလည်မြို့၊ တိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ပြီး အထူးကုဆရာဝန်ကြီးများဖြင့် နယ်လှည့်ကွင်းဆင်း ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ …
Read More »ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ပုညကရဏ” လေးထပ် ဓမ္မာရုံတော်ကြီး ဖွင့်လှစ်ခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်
ပြည် နိုဝင်ဘာ ၂၂ ============== ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ပုညကရဏ” လေးထပ် ဓမ္မာရုံတော်ကြီး ဖွင့်လှစ်ခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား နိုဝင်ဘာလ(၁၉)ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ “ပုညကရဏ” လေးထပ်ဓမ္မာရုံတော်ကြီးအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ပဲမှုစစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူးနှင့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လေးထပ်ဓမ္မာရုံ အတွင်း လှည့်လည်ကြည့်ရှုခဲ့ကာ ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် “ပုညကရဏ” လေးထပ်ဓမ္မာရုံတော်ကြီးအား ရေစက်ချအလှူတော် မင်္ဂလာ အခမ်းအနားအား ဆက်လက်ကျင်းပပြုခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧပရိသတ်အပေါင်းတို့က “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ …
Read More »ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
ပြည် နိုဝင်ဘာ ၁၉ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာ အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေး၊ ဗိုလ်ချုပ်ကြေးရုပ်အနီး၌ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များအရောင်းစင်တာ အား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက အရောင်းစင်တာအတွင်း ရောင်းချရန်ပြသထားသည့် ဒေသထွက်ကုန်များအား လည်လှည့် ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ အား အမယ်စုံရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ လက်ကားကုန်သည်များအား …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓါတ်အား အစားထိုးသုံးစွဲနိုင်ရေး Gasifier တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ နိုဝင်ဘာ ၁၈ ========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲ ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓါတ်အား အစားထိုးသုံးစွဲနိုင်ရေး Gasifier တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ တောင်သူ ဦးရဲနိုင်၏ မိုးစပါး ရွှေနံ့သာပေါ်ဆန်း ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရွှေနံ့သာပေါ်ဆန်းသည် ပြည်တွင်း/ပြည်ပ ဈေးကွက်ဝင်မည့် စပါးမျိုးဖြစ်၍ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရွှေနံ့သာပေါ်ဆန်း မျိုးအား တောင်သူများပူးပေါင်းပါဝင်သည့် မျိုးစေ့ထုတ်စိုက်ခင်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ရွှေနံ့သာပေါ်ဆန်း အထူးဇုန်များဖော်ထုတ်ဆောင် ရွက်သွားရန်နှင့် ဒေသခံတောင်သူများအတွက် အထွက်နှုန်းကောင်းပြီး ဈေးကွက်ခိုင်မာမှုရှိသည့် စပါးမျိုးများ လိုအပ်ချက်မရှိ အပြည့်အဝရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ အဆိုပါ ရွှေနံ့သာပေါ်ဆန်း စပါးမျိုးအား သာယာဝတီခရိုင်အတွင်း …
Read More »လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၇ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့၊ အောက်စုရပ်ကွက်၊ ဦးပိုင် အမှတ်(၂၀/၂)ရှိ ဒေါ်သန်းသန်းမြင့်၏ လယ်မြေဧရိယာ(၅.၅၀)ဧက၌ နှံကောက်စပါးမျိုးအား လက်ဆွဲ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နှစ်စဉ်ရေကြီး သည့် လယ်မြေများတွင် ရေမြှုပ်ခံစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးရန်၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ပင်ကြားတန်းကြား မှန်ကန်စွာ စိုက်ပျိုးသွားရန်၊ မြေ နမူနာစမ်းသပ်၍ လိုအပ်သည့် မြေဩဇာအချိုးအစားအတိုင်း ထည့်သွင်းသွားရန်၊ မစိုက်ပျိုးမီ မျိုးသန့်ခြင်း နှင့် စိုက်ပျိုးပြီး မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရန်၊ မျိုးစပါးလုံလောက်မှုရှိစရေး ခေါင်နှံများဖြင့် မျိုးသန့်မျိုးပွားနည်းစနစ်များ …
Read More »တောင်ငူခရိုင်အတွင်း CMP လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု အားပေး
တောင်ငူ နိုဝင်ဘာ ၁၇ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် တောင်ငူခရိုင်အတွင်း CMP လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု ရှိ လုပ်ငန်းရှင် ဦးစိန်ဝင်း၏ ဝါးတူစက်ရုံသို့ သွားရောက်ခဲ့ပြီး ဝါးတူထုတ်လုပ်မှု အဆင့်ဆင့်အား တာဝန်ရှိသူများ က ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝပေါက်သည့် ဝါးပင်များအား ရေရှည် ထုတ်ယူသုံးစွဲပါက ပြုန်းတီးသွားနိုင်သဖြင့် ကိုယ်တိုင်ဝါးစိုက်ပျိုးခြင်း၊ ကိုယ်တိုင်ထုတ်ယူသုံးစွဲခြင်းများသည် ရေရှည်ပိုမိုအဆင်ပြေနိုင်သဖြင့် ဝါးရောင်းချသူများအား ဝါးစိုက်ပျိုးနိုင်ရေး အသိပညာပေး စည်းရုံးသွားရန် လိုအပ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဝါးဆစ်ပိုင်းများဖြင့် မီးသွေးအစားထိုး လောင်စာတောင့်များနှင့် ဝါးအခြေခံ လက်မှုပစ္စည်းများ ထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် …
Read More »