Home / Bago Manager ZWL (page 56)

Bago Manager ZWL

ပြည်သူလူထုများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေး ရပ်ကွက်/ကျေးရွာအဆင့်ထိ ဆေးထိုးစုရပ်များ ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး စက်တင်ဘာ ၅ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၅) ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၂) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်း ဒေသကြီးအတွင်း ကိုဗစ်(၁၉) ရောပိုးတွေ့ရှိမှု အနည်းငယ်စတင်နေပြီ ဖြစ်ကြောင်း၊ ယခင်က ပြည်ပပြန်များမှသာ တွေ့ရှိနေရသော်လည်း ယခုအခါ ပြည်တွင်းကူးစက်မှုအသွင်ဖြင့် ရောဂါလက္ခဏာမပြဘဲ တွေ့ရှိနေရပြီဖြစ်၍ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးစီး သော်လည်း ထပ်ဆောင်း Booster ဆက်လက်ထိုးနှံပေးသွားရမည်ဖြစ်ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် …

Read More »

(၂၃)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၄ ===================           ပဲခူမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက (၂၃)ကြိမ်မြောက် ပဲခူးတို်ငး ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရ အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း (၁၃၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထူးချွန်ပြီးအမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများကို ဆက်လက်ထိန်းသိမ်းမည့် မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာသည်ကို မြင်တွေ့ရသည့် အတွက် အားရကျေနပ် ဂုဏ်ယူပါကြောင်း၊ ပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် အစ၊ အလယ်၊ အဆုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲတွင် ရွေးချယ်ခံရသူများအနေဖြင့် …

Read More »

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၃ ====================           ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ စက်တင်ဘာလ(၂) ရက်နေ့၊ နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးပေါ်တွင် မူတည်နေကြောင်း၊ စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသား များ၏ မျှော်လင့်ချက်များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာစစ်အတွေ့ အကြုံရှိတဲ့ ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေး စည်းမျဉ်းများနှင့် ပါဝင်ရမည့်အချက်အလက်များကို တိကျစွာရှင်းလင်းသွားမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ …

Read More »

(၂၃)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၂ ===================           ပဲခူမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက (၂၃)ကြိမ်မြောက် ပဲခူးတို်ငး ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ တိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရေးတို့ကို ဦးတည်ရည်မှန်းကာ မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင် နိုင်သော ပဲခူးတိုင်းဒေသကြီးဂုဏ်ကို ဖော်ဆောင်နိုင်မည့် မျိုးဆက်သစ်ပြိုင်ပွဲဝင်များ ပေါ်ထွက်လာ စေရန်ဖြစ်ကြောင်း၊ ယခုကျင်းပသည့်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြသည့်ပွဲတော်တစ်ခုဖြစ်ပြီး မျိုးဆက်သစ်များအနေဖြင့် တန်းဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁ =================              ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အလားအလာ ရှိသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများကို ဖော်ထုတ်လေ့ကျင့် ပေးနိုင်ရေးအတွက် သြဂုတ်လ(၃၁)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၌ ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ဘောလုံးဝါသနာရှင်များက ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးကြရာ တောင်ငူခရိုင် အသင်းမှ (၂:၀)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။            ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ …

Read More »

လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး သဘာဝမြေဩဇာထုတ်လုပ်သည့် စက်ရုံများသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၃၁ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းက လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးမြို့နယ်အတွင်းရှိ သဘာဝ မြေဩဇာထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  မွေးမြူရေးခြံများမှ ထွက်ရှိသော ကြက်ချေးဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နေသော ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာ အုပ်စုရှိ Myanmar Agro Eagle Co., Ltd  ၊ ထန်းပင်ချောင်ကျေးရွာအုပ်စုရှိ CPP Myat Min Agro Co., Ltd နှင့် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ Royal Green Smart Co., Ltd တို့၏ အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံးများသို့ ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံများက  …

Read More »

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသို့ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၃၀ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအား ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသို့ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပြောကြား ခဲ့ပြီးနောက် မြို့နယ်များအားလုံး မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်၍ အသီးအနှံအောင်မြင်စေရေး လယ်ကွက်အတွင်း မြက်ပင်များနှင့် ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး သက်ဆိုင်ရာဌာနဆို်ငရာများမှ ကွင်းဆင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးပြီးမိုးစပါးများ ပျက်စီးခဲ့ပါက ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး အရံပျိုးပင်များ စိုက်ပျိုးထားရန်လိုအပ်ကြောင်း၊ ဆောင်းရာသီတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး လိုအပ်သော မျိုးနေကြာများ ကြိုတင်ဝယ်ယူနိုင်ရေး စီစဉ်သွားရမည်ဖြစ်ကြောင်း၊ တစ်မြို့နယ်လျှင် (၁)လ …

Read More »

ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး သြဂုတ် ၂၉ =========== ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ သြဂုတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ငါးလုပ်ငန်း ကဏ္ဍသည် ပဲခူးတိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးနှင့် အစာဟာရ လိုအပ်ချက် ဖြည့်ဆည်းပေးရာမှာ အခြေခံကျသည့်အပြင် ဝင်ငွေရှာဖွေ ပေးရာမှာလည်း တစ်ဖက်တစ်လမ်းမှ အဓိကကျသည့်နေရာက ပါဝင်နေကြောင်း၊ ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)သည် ငါးစတင် မွေးမြူသည့် အဆင့်မှစတင်ပြီး စားသုံးသူထံ ရောက်ရှိသည့်အဆင့်အထိ ထုတ်လုပ်မှုအဆင့်ဆင့်တိုင်းမှာ စားသုံးသူတွေကို ဘေးဥပါဒ် အန္တရာယ်မဖြစ်စေဘဲ သန့်ရှင်းစွာ မွေးမြူထုတ်လုပ်ခြင်းဖြစ်ပြီး ရေနေသတ္တဝါများ မွေးမြူထုတ်လုပ်သည့် နေရာမှာလဲ စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် မွေးမြူထုတ်လုပ်သည့်ကျင့်စဉ်ဖြစ်ကြောင်း၊ တစ်နေ့တစ်ခြားတိုးပွားလာသည့် လူဦးရေအတွက် ငါးစားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့လိုအပ်သလို တစ်ဖက်မှာလဲ မွေးမြူထုတ်လုပ်သည့် ငါးများသည်လည်း စားသုံးသူများကို ဘေးဥပါဒ် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း စက်မှုမြေများတွင် မြေကွက်လွတ်မရှိ ရင်းနှီးမြှုပ်နှံနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၂၇ =========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဩဂုတ်လ(၂၆) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်အလမ်း များများရရှိစေမည့် CMP လုပ်ငန်းများကို အဓိကထား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဓါတ်မြေဩဇာထုတ်လုပ်သည့် စက်မှု လု်ပငန်းများနှင့် ဆိုလာထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် ဆောင်ရွက်နိုင်သည့်အပြင် Wind Turbine Energy ထုတ်လုပ်မည် ဆိုပါကလည်း ဆောင်ရွက်နိုင်ကြောင်း၊ စက်မှုနယ်မြေများတွင် မြေကွက်လွတ်မရှိ ရင်းနှီးမြှုပ်နှံမှု စက်ရုံ/ အလုပ်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြေနေရာရယူထားပြီး လာရောက်လုပ်ကိုင် ခြင်းမရှိသူများအား …

Read More »

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဩဂုတ် ၂၆ ==================== ဩဂုတ်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်း ဒေသကြီးအနောက်ခြမ်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာ- ရွာသာယာလမ်း မြေသားလုပ်ငန်း(၁)မိုင်(၃)ဖာလုံ ဆောင်ရွက်နေမှု အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် (သရက်-ကံမ-ကဒူးပြင်-ပြည်) ကားလမ်း ပဲခူးတိုင်းဒေသကြီးဘက်ခြမ်း (၈)မိုင် (၄)ဖာလုံ ကတ္တရာထပ်ပိုးလွှာ ခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် လမ်းမျက်နှာပြင် ညီညာဖြစ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျောက်ဖူး စံပြကျေးရွာ၌ ဒေါ်တင်နွဲ့၏ တိုင်းရင်းကြက်ကောင်ရေ(၁၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်အား အစားထိုးသုံးစွဲရန် …

Read More »