Home / Bago Manager ZWL (page 57)

Bago Manager ZWL

ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဩဂုတ် ၂၅ =============           ဩဂုတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်စျေး အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးရုံများပြန်လည်အဆင့်မြှင့်တင်နိုင်ရေးနှင့် ဈေးအတွင်းကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရောင်းချရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၈၅.၃၇)သန်းဖြင့် ကြာနီကန်လမ်းဘေးဝဲ/ယာ အုတ်ရေမြောင်း ဆောက် လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် စံချိန်စံညွှန်းနှင့်ညီ သတ်မှတ်အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။      ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာ၊ တောင်သူဦးဌေးအောင်၏ တိုင်းရင်းကြက် ကောင်ရေ(၁၀၀၀)နှင့် အသားတိုးကြက် ကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး တိရစ္ဆာန်ရောဂါ ကူးစက်မှုမရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် ဩဂုတ် ၂၄ ================           ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ မိုးနှောင်းချည်မျှင်ရှည်ဝါ (ရာကာ-၆၆၆)မျိုး၊ တစ်ဧက ပိဿာ(၁၀၀၀) ထွက်ရှိရန် စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသည့် ဝါစိုက်ခင်းများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး စံပြကွက်(၅၀)ဧကနှင့် အရည်အသွေးကောင်းစမ်းသပ်ကွက်(၂)ဧက တို့အတွက် ဓါတ်မြေဩဇာ၊ ပိုတက်စီယမ်၊ ယူရီးယားနှင့် ပိုးသတ်ဆေးရည်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံ ကျေးရွာများအတွက် လိုအပ်သော ကျေးရွာချင်းဆက်လမ်းများ၊ ချောင်းကူးတံတားနှင့် စာသင်ကျောင်းများ ပြန်လည်ပြုပြင် မွန်းမံနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ …

Read More »

ပြည်မြို့၊ အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲသို့ အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၂၄ ====================           ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ အမှတ်(၁၀)လုံခြုံရေး ရဲတပ်ခွဲသို့ အခြေခံစား သောက်ကုန်များအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တပ်ဖွဲ့ခွဲရုံးရှင်းလင်းဆောင်၌ အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲ၏ ဦး၊ရေး၊ထောက်ဆိုင်ရာကိစ္စ ရပ်များအား ဒုတိယရဲမှူးကြီး မင်းသိန်းက ရှင်းလင်းတင်ပြခဲ့မှုပေါ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က လိုအပ်သည်များ လမ်းညွှန်မှာကြးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများသည် အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲရှိ အိမ်ထောင်သည်(၆၄)ဦး အတွက် တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၄)ထုပ်၊ ကုလားပဲ(၅၀)ကျပ်သား၊ အိမ်သုံးဆား(၁)ထုပ်စီနှင့် ကိုယ်ဝန်ဆောင်အိမ်ထောင်သည် များအား သီးခြား ထောက်ပံ့ငွေများ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ဇီးကုန်း ဩဂုတ် ၂၃ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၂၃) ရက်နေ့၊ နံနက်ပိုင်းက နတ်တလင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် \ပေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က ဒေသဆိုင်ရာအချက် အလက်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တင်ပြချက်များပတ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်နှစ် (၃)သီး စိုက်ပျိုးမည့် မြေနေရာများတွင် ကွင်းပြည့်ကွက်ပြည့် စိုက်ပျိုးပြီးစီးရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန် ဆန်၊ ဆီစသည်တို့အား ရပ်ကွက်/ ကျေးရွာများအထိ သက်သာသော နှုန်းထားဖြင့်ရောင်းချပေးရန်၊ ဆီထွက်သီးနှံ နေကြာအား  …

Read More »

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရှိ ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအလှူ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး သြဂုတ် ၂၁ ===========   ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်မုခ် အာရုံခံတန်ဆောင်း တော်ကြီးတွင် သြဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအား အလှူရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိ သူများ၊ ဂေါပက အဖွဲ့များနှင့် အလှူရှင်များက ရွှေမော်ဓော်စေတီတော်မြတ်ကြီး မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း ယာယီသီတင်းသုံး ကိန်းဝပ်စံပါယ် တော်မူနေသည့် ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ် ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံသာများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ကြသည်။ ထို့နောက် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းလှူတန်းခြင်း ရေစက်ချင်္ဂလာအခမ်းအနား ကျင်းပပြု လုပ်ရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော် အရှင်သူမြတ်များမှ ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား …

Read More »

ကျန်းမာရေးမှူး-၄၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး သြဂုတ် ၂၁ ========== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် သြဂုတ်လ(၂၀)ရက်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးမှူး-၄၊ ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တို်ငးဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒများကို အကောင် အထည်ဖော်ရာတွင် အမျိုးသားကျန်းမာရေး စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊  ပြည်သူလူထုတစ်ရပ်လုံးကို အခြေခံကျသည့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေး ပြည့်ဝစွာ ပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို နှစ်အလိုက် တိုးမြှင့်ဖြည့်ဆည်းပေးထားပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျန်းမာရေး ဝန်ထမ်းအင်အား ဖြည့်တင်းပေးမှုကိုလည်း ဦးစားပေးကဏ္ဍအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး ကြီးကြပ်(၂)များသည် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်လည်း ရပ်ကွက်/ကျေးရွာအဆင့်ထိ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် အခြေခံကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း၊ ကျန်းမာရေးကြီးကြပ် …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပဲခူး သြဂုတ် ၂၀ ============      ပဲခူးမြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာများတိုးပွားစေပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယနေ့ကမ္ဘာကြီး ပူနွေး လာမှုကြောင့် ရာသီဥတုဆိုးရွားလာပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး အင်အားပြင်းထန်သော သဘာဝဘေး အန္တရာယ်များ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် တွေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဟာ ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသည့် နိုင်ငံတော်ရဲ့ခြေလှမ်း များစွာ အဟန့်အတားဖြစ်စေကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင်ရှိနေခြင်းကြောင့် ငလျင်ဘေး ရဲ့စိန်ခေါ်မှုကို ခံနေရတဲ့တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်တွေကို မဖြစ်အောင်တားဆီးလို့မရပေမဲ့လည်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၁၉ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်၊ သပြေတန်းကျေးရွာအုပ်စုရှိ GW-11မျိုး စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ရေတာရှည်မြို့နယ်၊ ညောင်ပင်ကိုင်း-ပိတောက်ခင်-ရွာသစ်လမ်း အရှည်(၁)မိုင် ကွန်ကရစ် လမ်းခင်းနိုင်ရေး အောက်ခြေအမာခံလမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်လမ်းအထိ ကွန်ကရစ်လမ်းအဖြစ် တိုက်ရိုက်ချိတ်ဆက်နိုင်‌ရေး နှစ်စဉ်ဘတ်ဂျက် ရေးဆွဲတင်ပြရန်နှင့် လမ်းပုခုံးသားများ သေချာစနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ မြို့ရှောင်လမ်း(၄မိုင်၄ဖာလုံ) ဖောက်လုပ်နေမှုနှင့် မဟင်ကျေးရွာ ကုန်ထုတ်လမ်း(၂)မိုင်နှင့်(၄.၂၁)ဖာလုံ ဖောက်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး …

Read More »

၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း ခြင်း အခမ်းအနားနှင့် အိမ်ထောင်စူလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက်များ Software Program အတွင်း ရာနှုန်းပြည့်ထည့်သွင်းပြီးစီးမှု ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၈ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက် များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များနှင့် ဌာနဆိုင်ရာအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လမ်းညွှန်ချက်များအတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက လုံခြုံရေး၊ ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာ …

Read More »

ရေတာရှည်တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

ရေတာရှည် ဩဂုတ် ၁၇ ================= ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၅) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ နယ်မြေခံတပ်နယ်ခန်းမ၌ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည် တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ဩဂုတ်လ(၁၃) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စည်ပင်သာကျေးရွာအနီး အကြမ်းဖက်သမား များနှင့် ထိတွေ့မှုဖြစ်စဉ်တွင် မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ချီးမြှင့်ဂုဏ်ပြုစကားများ အသီးသီးပြောကြာခဲ့ကြ သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေကျပ်သိန်း(၅၀)နှင့် ဂုဏ်ပြုမှတ်တမ်း ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းက ချီးမြှင့်ငွေကျပ်(၃၉)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊ တိုင်းဒေသကြီး …

Read More »