Home / Bago Manager ZWL (page 63)

Bago Manager ZWL

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး မေ ၁၉ ============== ပဲခူးတက္ကသိုလ်၌ မေလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ် စုဝေးခန်းမသို့ ရောက်ရှိခဲ့ပြီး၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာအေးအေးခိုင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စီမံခန့်ခွဲရေး အရာရှိများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် ဝိဇ္ဇာဘာသာရပ်များကိုယ်စား ဒေါက်တာ သိင်္ဂီချိုကလည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ဒေါက်တာအေးအေးမွန်ကလည်းကောင်း ဘာသာရပ်အလိုက် သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားခဲ့ကြသည်။ ယင်းနောက် ပဲခူးတက္ကသိုလ်သို့ ပထမနှစ် တက်ရောက်သင်ကြားမည့် မောင်/မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် …

Read More »

၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၁၇ ================ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် မေလ(၁၇)ရက်နေ့ ညနေပိုင်းအချိန်က ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် ဘော်လီဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အားကစား ချစ်သူ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တောင်ငူခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့၏ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု့အား ကြည့်ရှု့အားပေးခဲ့ကြသည်။ ဆက်လက်၍ ဆုပေးပွဲအစီအစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် သာယာဝတီ ခရိုင်မှ‌ မောင်ချစ်ညီညီအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သောင်းအားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေမှ ဒုတိယဆုရရှိသော …

Read More »

ပဲခူးမြို့တွင် အခြေခံပညာကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး မေ ၁၇ ===============          ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ အားကစားခန်းမ၌ မေလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်သည့် အခြေခံပညာကာယ ပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံဖြိုး တိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်တဲ့ လူစွမ်းအားအရင်းအမြစ်များရရှိဖို့အတွက် အသိပညာ အတတ်ပညာများ တတ်မြောက်ကျွမ်းကျင်ဖို့လိုသလို ကျန်းမာကြံ့ခိုင်သန်စွမ်းဖို့လည်း လိုအပ်သဖြင့် ကျောင်းသင် ဘာသာရပ်များတွင် ကာယပညာဘာသာရပ်ကို ထည့်သွင်းသင်ကြား ပေးနေရခြင်းဖြစ်ကြောင်း၊ ဆရာ/ ဆရာမများ အနေဖြင့် ကာယပညာဘာသာရပ်များ ပြန်လည်သင်ကြားပေးရာတွင် နည်းစနစ်ကျနစွာ သင်ကြားပေးနိုင်ဖို့ လိုအပ်ကြောင်း၊ကာယပညာဘာသာရပ်သည် ဘဝတစ်သက်တာအတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့ကို များစွာအကျိုးပြုနိုင်မည် ဖြစ်သည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် …

Read More »

ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၁၆ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)အား ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုဘဝများ မြင့်မားစေရေန်နှင့် သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်း စောင့်ရှောက်မှုတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေသော လုပ်ငန်းရပ်တစ်ခုဖြစ် ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုလျော့ပါးလာခြင်းနှင့်အတူ ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်လျက်ရှိပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်နှင့် စီးပွားရေးဆိုင်ရာ လေကြောင်း လိုင်းများမှ နိုင်ငံတကာခရီးသည်များ စတင်ဝင်ရောက်လာပြီဖြစ်၍ ဝန်ဆောင်မှုပေးနေသော စားသောက်ဆိုင်များ၊ တည်ခိုရိပ်သာများ၊ ဟိုတယ်များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အစီအမံများနှင့်အတူ ခရီးသွားဧည့်သည်များ စနစ်တကျ လက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ ဖွင့်လှစ်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု မွမ်းမံသင်တန်းများသို့ သွားရောက်ထောက်ပံ့

ပဲခူး မေ ၁၆ =================== တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ ဖွင့်လှစ်လျက်ရှိသော ပညာရေးနှင့် ကျန်းမာရေး အထောက်အကူပြု မွမ်းမံသင်တန်းများသို့ သွားရောက် ထောက်ပံ့ခဲ့သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ဝိုင်အမ်ဘီအေခန်းမသို့ ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို ဆက်လက်အကောင်အထည့်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ/ဆရာမများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ စာသင်ခန်း တစ်ခုအတွင်း တိုင်းပြည်၏ အနာဂတ်များ၊ မိဘများ၏ မျှော်မှန်းချက်များ၊ ကျောင်းသား/သူများ၏ ရည်မှန်းချက်များရှိသည်ကို ဆရာ/ဆရာများအနေဖြင့် သတိချပ်စေလိုကြောင်း၊ မိမိတို့ကျောင်းသား/ သူများကို ပြန်လည်သင်ကြားရာတွင် သင်တန်းမှပို့ချခဲ့သည့်အတိုင်း ပြည့်ပြည့်ဝဝ ပြန်လည်ပို့ချ သင်ကြားပေးရန်လိုကြောင်းနှင့် ကျောင်းသား/ သူများကို သင်ကြားပေးရာတွင်လည်း စာတတ်ရုံသက်သက်မဟုတ်ဘဲ မိဘ၊ ဆရာသမားများ၊ လူကြီးသူမများကို ရိုသေလေးစားတတ်အောင် …

Read More »

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၄ ============= ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောတီတော်မြတ်ကြီးရင်ပြင် အင်္ဂါ‌ထောင့်ရှိ မဟာဗောဓိညောင်ပင် တွင် မေလ(၁၄)ရက်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ နံနက်ပိုင်းအချိန်က (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ် အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဘုရားဖူးလာပြည်သူများက ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယောဂီများနှင့် ဘုရားဖူးလာ …

Read More »

ပဲခူးတိုင်းသေကြီးအတွင်းရှိ စံပြမြစိမ်းရောင်ကျေးရွာ ဆုချီးမြင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၁၃ ================= သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မေလ(၁၂)ရက် နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စံပြမြစိမ်းရောင် ကျေးရွာ ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးများ၊ အတိုင်းအတာများနှင့် ပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပြီး မိမိဌာနအပြင် အခြား ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်းများ ဖွင့်လှစ်ရာတွင်လည်း ဒေသ၏လိုအပ်ချက်များကို အထောက်အကူဖြစ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန်၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် လုပ်ငန်းများအား …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

သာယာဝတီ မေ ၁၂ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး လူနာစောင့်များ၊ ဆေးရုံ တက်လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ဆေးရုံအတွက် လိုအပ်လျက်ရှိသော လူနာစောင့် နားနေဆောင် တိုးချဲ့ပေးနိုင်ရေး တွက်ချက်တင်ပြရန်၊ ဆေးရုံတွင်း/ပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ တောရာကုန်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းသိန်း၏ ဒေသကြက်ကောင်ရေ(၃၅၀၀) မွေးမြူအောင်မြင်နေမှုအား …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပညာရေးမြှင့်တင်မှုသင်တန်းများအား သွားရောက်ကြည့်ရှု့ အားပေးထောက်ပံ့

ပြည် မေ ၁၀ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်အတူ မေလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) ပညာရေးမြှင့်တင်မှုသင်တန်းများအား သွားရောက် ကြည့်ရှု အားပေးထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်သော Grade(5) သင်ရိုးသစ် မြို့နယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာ စကား ပြောကြားခဲ့ကာ သင်တန်းနည်းပြ(၆၈)ဦးနှင့် သင်တန်းသား(၈၈၂)ဦးတို့ အတွက် သီးခြားထောက်ပံ့ငွေကျပ်(၇၆)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၌ တစ်နှစ်(၃)သီး စမ်းသပ်စိုက်ပျိုးနေသည့် တောင်သူ ဦးနေမျိုးဝင်း၏ ချည်မျှင်ရှည်ဝါ (၅)ဧကနှင့် တောင်သူ ဦးမျိုးမင်းသိန်း၏ နွေနှမ်း(၅)ဧက စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်ကွင်းတစ်ဆက်တည်းရှိ လယ်ယာမြေများ မြေလပ်မရှိ တစ်နှစ်(၃)သီးစိုက်ပျိုးနိုင်ရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များသို့ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် မေ ၁၀ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၉) ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များသို့ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပြည်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ သရုပ်ပြ/နည်းပြ အသစ်ခန့်အပ်ထားသည့် ဆရာ/ဆရာမများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး ဖောင်ကြီးသင်တန်းသို့ တက်ရောက်ရမည့် ဆရာ/ဆရာမ (၆)ဦးအား တစ်ဦလျှင်ကျပ်(၁)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကာ တက္ကသိုလ် ဝန်ထမ်းရေးရာ၌ ကျောင်းအပ် လက်ခံနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ နဝင်းချောင်းတံတား ချဉ်းကပ်လမ်း ပြိုကျမှုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည် ကာကွယ်ရေးနည်းလမ်းအတွက် ဆောင်ရွက်နိုင်ရေး တွက်ချက်တင်ပြပေးရန် ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ …

Read More »