ပြည် ဇွန် ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီးရှိ ပြည်မွေးမြူရေးဇုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ရှင်းလင်းဆောင်၌ တိရစ္ဆာန်အမျိုးအစားအလိုက် မြေနေရာ ခွဲဝေချထားမှု၊ မွေးမြူရေးခြံများ ဆောက်လုပ်နေမှု၊ မွေးမြူနေမှုတို့အား တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေလပ်များတွင် တိရစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးရန်၊ ခြံလှောင် မွေးမြူသည့်စနစ်ဖြစ်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်သွားရန်၊ တိရစ္ဆာန် ကူးစက်ရောဂါကျရောက်မှုမရှိစေရေး အပတ်စဉ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်သွား ရန်၊ ဒေသကြက်နှင့် အသားစား/ဥစားကြက်များ တိုးချဲ့မွေးမြူသွားရန်၊ …
Read More »ပဲခူးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက (၃၆)နှစ်မ…
ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်သာယာစေရေး ကွင်းဆင်းဆောင်ရွက်ပေး
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံ…
ရာသီဥတု အခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် ပဲခူးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ရာသီဥတု…
ပဲခူးမြို့၌ ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ…
(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပဒေသာကပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက် မည့် သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(…
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၂ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး နိုဝင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
နောက်ဆုံးရသတင်းများ
ပြည်မြို့၌ အပတ်စဉ်(၃၀) သူနာပြုသားဖွားသင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပြည် ဇွန် ၁၆ ပြည်မြို့၊ ခေတ္တရာရတနာခန်းမ၌ ဇွန်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက အပတ်စဉ်(၃၀) သူနာပြု သားဖွားသင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အပတ်စဉ်(၃၀) သူနာပြုသားဖွားသင်တန်းသား/သူများက “လောကအားမာန်” သီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆောင်ရွက်ရာတွင် ်တိုင်းဒေသကြီးအတွင်း ကျေးလက်အစွန်အဖျားဒေသများအထိ တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သင်တန်းသား ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး သင်တန်းကျောင်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုသားဖွားများ၏ကဏ္ဍသည် အလွန်အရေးကြီးပြီး ကျန်းမာရေး …
Read More »ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
ကြို့ပင်ကောက် ဇွန် ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ဇွန်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်း ဒေသကြီး ဥပဒေချုပ်တို့က ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက် အဦသစ် ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြ ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်တွင် မဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ …
Read More »၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဇွန် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၁၃)ရက်နေ့၊ နံနက် ပိုင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းမှ အားကစားသမား တစ်ဦး ချင်းစီက မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ တိုက်ကွမ်ဒို အားကစားအသင်းသည် အစဉ်အလာကောင်းသည့် အသင်းတစ်ခုဖြစ်ပြီး နှစ်စဉ်ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်များ ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄) ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မိုးစပါးစိုက်ရာသီ ရောက်ရှိလာပြီးဖြစ်၍ မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး အနီးကပ် ကြီးကြပ် ဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၆)မျိုးနှင့် နွေစပါးသည် ပန်းတိုင်အထွက်နှုန်းရရှိထားပြီးဖြစ်၍ ရေတော်မိုးတော်စိုက်ဧကများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိနိုင် ရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တစ်နှစ်(၃)သီးစိုက်ဧကများအတွက် ကြိုတင်ပျိုးထောင်စနစ် ဖြင့် စိုက်ပျိုးသွားရမှာဖြစ်ကာ ကြဲခင်းစနစ်ပပျောက်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည့် တောင်သူတိုင်း စိုက်ပျိုးရေးကိရိယာပိုင်ဆိုင်မှုရရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန်နှင့် သွင်းအားစုများ အချိန်မီ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website