သာယာဝတီ အောက်တိုဘာ ၇ သာယာဝတီမြို့၊ ဆရာစံခန်းမ၌ အောက်တိုဘာလ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင် အတွင်း ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီခရိုင်အတွင်း ဇူလိုင်လနှင့် ဩဂုတ်လတွင် ရွာသွန်းမြဲထက် မိုးရေချိန်လက်မ (၂၀.၀၇)လက်မ ပိုမိုရွာသွန်းခဲ့၍ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ရကြောင်း၊ သာယာဝတီခရိုင်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွက် စိုက်ပျိုးစရိတ်ထုတ်ယူပြီး မြန်မာ့အာမခံလုပ်ငန်းတွင် သီးနှံအာမခံထားရှိသည့် တောင်သူဦးရေ(၁၉၅၈၆) ဦး၊ ဧကပေါင်း(၁၃၄၀၁၇)အတွက် လျော်ကြေးငွေကျပ် (၄.၀၂၀)ဘီလီယံ ပေးအပ်သွားမှာဖြစ်ပြီး ရေကြီး နစ်မြှုပ်ဧကများအတွက်လည်း ထပ်မံထုတ်ပေးရမှာဖြစ်၍ အာမခံထားရှိသည့် ရေကြီးနစ်မြှုပ်ဧကများ တိုက်ဆိုင်စစ်ဆေးအတည်ပြုနိုင်ရေး သက်ဆိုင်ရာစိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များမှ အမြန်ဆုံး မှန်ကန်သောစာရင်းဇယားများ ကောက်ခံရရှိရေး ဆောင်ရွက်စေလို ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲသို့တက်ရောက် ဖွင့်လှစ်
ပဲခူး မတ် ၉ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံလေလုံအားကစားခန်းမ၌ မတ်လ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်းအတွင်းသို့ တိုင်းရင်းငါးမျိုး များ စိုက်ထည့်ပေး
ပဲခူး အောက်တိုဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် မိုးယွန်းကြီးအင်း(ဘေးမဲ့တော)အတွင်းသို့ ဒေသငါးမျိုးများဖြစ်သော ၂ လက်မအရွယ်ရှိ ငါးပြေမငါး ကောင်ရေ(၅)သောင်း၊ ငါးခုံးမငါးကောင်ရေ(၁)သိန်း၊ ငါးဖားမကောင်ရေ(၁)သိန်း ငါးရံ့ငါးကောင်ရေ(၅) သောင်း၊ ငါးကျည်းငါးကောင်ရေ(၅)သောင်း စုစုပေါင်း ငါးကောင်ရေ(၃.၅)သိန်း ငါးမျိုးစိုက်ထည့်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။
Read More »ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာ များနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ငါးဖြာဂုဏ်အင် ကျေးဇူးရှင်”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမရရှိသူ(၂)ဦးနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁) ရက်နေ့၊ မွန်းလွဲပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး၊ နေရာမရွေး ကြုံတွေ့နိုင်မှာဖြစ်သည့်အတွက် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးကို ဦးစားပေးဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုကို စစ်ဆေးခြင်းအပြင် တာများ၏ သတ်မှတ်အမြင့်ပေ ရှိ/မရှိ ကွင်းဆင်းစိစစ်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ များ ပြန်လည်ကျဆင်းနေပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေပြိီဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်/ပျက်စီးခဲ့သည့် စာရင်းဇယား များ ကောက်ခံရာတွင် အောက်ခြေကွင်းဆင်း၍ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်း အနားအား စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုစိုးသက်တို့ တက်ရောက်ဂါရဝပြုကန်တော့ခဲ့ကြ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များ နေ့အတွက် ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများတို့က အခမ်းအနားသို့တက်ရောက်လာသည့် ပဲခူးမြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၆၀)ဦးအား လှူဖွယ်ပစ္စည်းများပေးအပ်ပြီး တစ်ပါတည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များ နေ့ အခမ်းအနား၌ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website