ပဲခူး စက်တင်ဘာ ၁၁ ======================= ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ်(၂၈)ရှိ တရုတ်နိုင်ငံသား ပိုင် Melody Global စက်ရုံသည် စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၄၅)အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးငြှိမ်းသတ်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးမျိုးဝင်းနှင့်တပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ မီးလောင်မှုဖြစ်စဉ်သည် ၎င်းစက်ရုံတွင်းရှိ ဖိနပ်အောက်ခံသရေပြား ပေါင်းခံစက်ရုံအတွင်း ဘွိုင်လာ အိုးမှ အပူလွန်ကဲ၍ ဝါယာလျော့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ရေး မီးသတ် တပ်ဖွဲ့ဝင်များနှင့် တပ်ရင်း/တပ်ဖွဲ့များ စုစုပေါင်း(၆၀)ဦးတို့က မီးသတ်ယာဉ်(၈)စီး၊ အုပ်ချုပ်ယာဉ်(၁)စီး တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ နံနက်(၁၁)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ …
Read More »ပဲခူးတိုင်းဒေသကြီးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်
ပဲခူး ဧပြီ ၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပဲခူးတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံ…
သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီးတို့မှ တက်ရောက်လောင်းလှူကြည်ညို
ပဲခူး ဧပြီ ၂၄ ====================== ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏…
၂၀၂၄ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေများပေးအပ်
ပဲခူး ဧပြီ ၂၃ ================== ပဲခူးမြို့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၂၃)ရက်နေ့၊ နံနက်ပိုင်း…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၇)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး
ပဲခူး ဧပြီ ၂၂ ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရ…
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ရှေးဟောင်းဆင်ကျုံး၊ အနောက် နန်းတော်ကုန်းနေရာများ ထိန်းသိမ်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဧပြီ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင…
ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၉ ============= ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၆)နှ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ စတုတ္ထအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၈ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းတွင် ပဲခူးမ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၅-၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၇ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၅-၈၆ ခုနှစ်၊ …
မဟာသင်္ကြန်အတတ်နေ့ ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ် ပျော်ရွှင်စွာ ရေကစားနေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် လှည့်လည်ကြည့်ရှုအားပေး
ပဲခူး ဧပြီ ၁၆ ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ …
နောက်ဆုံးရသတင်းများ
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သွေးလှူဒါန်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၁၀ ===================== ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေး လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး များရှိ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း တပ်ဖွဲ့ဝင်(၄၇)ဦးမှ စုပေါင်းသွေးလှူဒါန်း နေမှု ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သွေးလှူဒါန်းနေသည့် တပ်ဖွဲ့ဝင် များအတွက် ထောက်ပံ့ငွေများအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်ထံသို့လည်းကောင်း၊ သွေးလှူဒါန်းရာတွင် ကူညီဆောင်ရွက်ပေးကြသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများအား ဆေးရုံတာဝန်ရှိသူထံသို့လည်းကောင်း …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးငြှိမ်းသတ်ယာဉ်(၆)စီးအား လွှဲပြောင်းပေးအပ်
ပဲခူး စက်တင်ဘာ ၁၁ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၇၂၀)သန်းဖြင့် ဝယ်ယူခဲ့သည့် 6×6 Fire Fighting Vehicle (Water 2800 Gal & Foam 900 Gal)ပါ မီးငြှိမ်းသတ်ယာဉ် (၆)စီးအား ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ်များ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား နှစ်စဉ်ရန်ပုံငွေလျာထား ဝယ်ယူပေးလျက်ရှိကြောင်း၊ မီးသတ် စခန်းများတွင် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအဆင့်၊ ရေအသင့် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသက်ရှူအထောက်အကူပြုစက်ပစ္စည်းများ လာရောက်လှူဒါန်း
ပဲခူး စက်တင်ဘာ ၉ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ဆေးရုံသုံး အသက်ရှူ အထောက် အကူပြုစက်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ အလှူရှင်ဒေါ်မြတ်သီတာက တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကု ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် အသက်ရှူအထောက်အထောက်အကူပြုစက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator) လာရောက်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် အလှူရှင်မိသားစု များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ ကြသည်။ အဆိုပါ အသက်ရှုအထောက်အထောက်အကူပြုစက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator)အား တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကု ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Read More »၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး စက်တင်ဘာ ၈ ====================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက လူတိုင်းအတွက် ပညာရေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးအပိုင်းတွင် ပါဝင်လျက်ရှိကြောင်း၊ စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပို၍တည်တံ့ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ စာမတတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှား/အမှန် မခွဲခြားနိုင်ဘဲ အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက် …
Read More »