ပဲခူး မေ ၇ ============ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မေလ (၇)ရက်နေ့၊ နံနက်ပိုင်းက ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဝါးကတုတ်သစ်တောပျိုးဥယျာဉ် ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးသစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဖုန်းနှင့် မြို့နယ်တာဝန်ခံ ဦးအောင်မင်းသူတို့က ဝါးကတုတ် သစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် နှစ်အလိုက် သစ်တောစိုက်ခင်းများသို့ ပျိုးပင်ဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းရာတွင် သစ်ပင်စိုက်ပျိုးခြင်းသည် အကောင်းဆုံးနှင့် ဈေးအသက်သာဆုံးဖြစ်၍ တစ်ပင်စိုက် တစ်ပင်ရှင်စနစ် ကို အလေးထား အကောင်အထည်ဖော် …
Read More »(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁ ========= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၇၆)နှစ…
စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ထွက်ရှိနိုင်ရေးကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား
ပဲခူး ဇန်နဝါရီ ၃၀ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ဒုတိယ)အကြိမ်ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်း ခြင်း အောင်ပွဲအခမ်းအနားနှင့် ဆေးနှင့်ဆေးပစ္စည်းများ၊လှူဖွယ်ဝတ္ထုများ လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၉ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေ…
ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
ပဲခူး ဇန်နဝါရီ ၂၇ ============= ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
ပဲခူး ဇန်နဝါရီ ၂၆ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်
ပဲခူး ဇန်နဝါရီ ၂၅ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း ဝါသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၄ ====================== ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်း…
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (ဒုတိယ) အကြိမ် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒ…
သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစု ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်
သာယာဝတီ ဇန်နဝါရီ ၁၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အ…
နောက်ဆုံးရသတင်းများ
နိုင်ငံပိုင်ရုပ်ရှင်ရုံ(ပြည်တော်အေး)၏ တာဝန်နှင့်ဝတ္တရား လွှဲပြောင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၆ ============ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းဝေးခန်းမ၌ မေလ (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပြည်မြို့ရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ(ပြည်တော်အေး)၏ တာဝန်နှင့် ဝတ္တရား လွှဲပြောင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း ရုပ်ရှင်ရုံအဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပုဂ္ဂလိကသို့ အပြီး ရောင်းချခဲ့သည့် ရုပ်ရှင်ရုံ(၁၁)ရုံအနက် ပြည်မြို့ရှိ ထွန်းသီရိရုပ်ရှင်ရုံ နှင့် ပဲခူးမြို့ရှိ မင်္ဂလာရွှေဟင်္သာ ရုပ်ရှင်ရုံတို့သည် လွှဲပြောင်း/လက်ခံ မဆောင်ရွက်ခင်ကပင် ရုပ်ရှင်ရုံအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်၍ ရုပ်ရှင်ပြသလျက်ရှိကြောင်း၊ အဆင့်မြှင့်တင်ရန်ကျန်ရှိသည့် ရုပ်ရှင်ရုံများအနက် ပဲခူးမြို့ရှိ ညွှန့် ရုပ်ရှင်ရုံ၊ ပေါင်းတည်မြို့ရှိ တိုင်းချစ် ရုပ်ရှင်ရုံ နှင့် လက်ပံတန်းမြို့ရှိ စိန်စံပါယ်ဦး ရုပ်ရှင်ရုံတို့သည် ပဲခူးတိုင်းဒေသကြီး ရုပ်ရှင်ရုံလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်စီမံခန့်ခွဲမှုဖြင့် အဆင့်မြှင့်တင် …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ပညာရေးမှူးများနှင့်တွေ့ဆုံ
ပဲခူး မေ ၅ ============ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ၌ မေလ(၅)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ပညာရေးမှူးများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတစ်နိုင်ငံ ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးကိုအဓိကအခြေခံကြောင်း၊ ပညာရေး၏ အခြေခံသည် ဆရာ/ဆရာမများပင်ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်း၌ ခဏတာ CDM ပါဝင်ခဲ့ရပြီး ပြန်လည် တာဝန်ထမ်းဆောင်လိုသော်လည်း ခြိမ်းခြောက်ခံနေရသည့် ဆရာ/ဆရာမများအား မိမိတို့၏ ညီအစ်ကိုမောင်နှမစိတ်ထား၍ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေး စည်းရုံးရေးအသွင် သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ကျောင်းဖွင့်ရာသီ တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနိုင်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းတိုင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီသာ ရပ်တည်သွား ရမည်ဖြစ်ကြောင်း …
Read More »မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ လမ်းညွှန်မှာကြား
ပဲခူး မေ ၄ ============ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ၌ မေလ(၄)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး လူဦးရေ၏(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ မြို့ပြနှင့် ကျေးလက် ကွာဟမှု လျော့နည်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချ မှုဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် အလွန်အရေးကြီး ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးခြင်း၊ ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၂ ============ ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ မေလ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဇိုင်းတောင်(ခ)ကလပ်အသင်းနှင့် ပဲခူးကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယ တပ်မမှူးနှင့် ဌာနဆိုင်ရာများတက်ရောက်ပြီး ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စတုတ္ထရရှိသော ဒိုက်ဦးကလပ်အသင်း၊ တတိယဆုရရှိသော ရုံးကြီးအသင်း၊ ဒုတိယဆုရရှိသော ဇိုင်းတောင်(ခ)ကလပ်အသင်းတို့အား ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်က တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုတို့အား လည်းကောင်း၊ အကောင်းဆုံးကစားသမားဆုများဖြစ်သည့် ရိုက်ခုတ်အကောင်းဆုံးဆု၊ ပင့်ထောင်အကောင်းဆုံးဆုနှင့် စပေးဘောအကောင်းဆုံးဆုများ ရရှိကြသည့် အားကစားသမား များအား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် …
Read More »