ပဲခူး ဇွန် ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် …
Read More »ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲသို့တက်ရောက် ဖွင့်လှစ်
ပဲခူး မတ် ၉ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံလေလုံအားကစားခန်းမ၌ မတ်လ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး မတ် ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ ၄ ရက်နေ့၊ န…
ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး
သာယာဝတီ မတ် ၄ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပဲခူးမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး မတ် ၃ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယ…
ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး မတ် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်က…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲ၊ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
ပဲခူး မတ် ၂ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မ…
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁)သန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး ဖေဖော်ဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အမယ်သစ်သီးနှံ ရိုဘက်စတာကော်ဖီစိုက်ပျိုးနိုင်ရေး ပျိုးပင် များထောက်ပံပေးအပ်
ပဲခူး ဇွန် ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အမယ်သစ်သီးနှံ ရိုဘက်စတာကော်ဖီ စိုက်ပျိုးနိုင်ရေး ပျိုးပင်ထောက်ပံ့ပေးအပ်ပွဲအား ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၆)အနီးရှိ Three Red Star Co., Ltd ၏ နှစ်ရှည်သီးနှံစိုက်ပျိုးရေးခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကော်ဖီသီးနှံသည် ကုန်းမြင့်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုးရှိသကဲ့သို့ ပဲခူးတိုင်းဒေသကြီး၏ ရာသီဥတုနှင့် ကိုက်ညီသည့် ကမ္ဘာ့ဈေးကွက်ဝင် ရိုဘက်စတာ မြေနိမ့်ကော်ဖီမျိုးများလည်းရှိပြီး ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ (၂၅၀၀)အောက်နှင့် မိုးရေချိန်(၆၀-၁၀၀)လက်မကြားမှာ စိုက်ပျိုးရန်သင့်တော်မှုရှိ ကြောင်း၊ ကော်ဖီသီးနှံတွင် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များမှာ မျိုး၏ကောင်းမွန်သော မူလဗီဇအရည်အသွေးများ ထိန်းသိမ်းထားနိုင်ခြင်း၊ အပင်ပေါက်နှုန်း ကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်စေခြင်း၊ မြေဩဇာ၊ အစိုဓါတ်၊ အလင်းရောင်တို့ကို ပိုမိုအသုံးပြုနိုင် စေခြင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဝေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားနှင့် နတ်တလင်း ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
သာယာဝတီ ဇွန် ၁၈ သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယမန်ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက် ခြမ်း)၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက် စက်များ ဖြန့်ဝေထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့် ပြောင်းလဲပေးနိုင်ခဲ့ခြင်း၊ စနစ်ကျလယ်ယာမြေပြုပြင်ပေးနိုင်ခြင်း၊ စိုက်ပျိုးရေ ရရှိရေးနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ စိုက်ပျိုးနည်းစနစ်များ ပြုပြင်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် အဓိကသီးနှံ(၁၀)မျိုး အနက် အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးလည်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တန်ဖိုးသင့် လက်ဆွဲ ကောက်စိုက်စက်များ ဖြန့်ဝေထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ပဲခူးတိုင်း ဒေသကြီး၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကာ မဖြစ်မနေ စက်မှုလယ်ယာသို့ အလုံးစုံပြောင်းလဲသွား ရတော့မှာဖြစ်၍ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေး
ပြည် ဇွန် ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)အား ပဲခူးမြို့ရှိ Agro Future Myanmar Co., Ltd နှင့် ပြည်မြို့ရှိ ရွှေဝါထွန်းကုမ္ပဏီတို့မှ ထုတ်လုပ်သည့် လက်ဆွဲကောက်စိုက်စက်(၂)မျိုးတို့၏ စက်စွမ်းအားဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်မှ ခေတ်မီစိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သို့ သွားရောက်၍ စက်ရုံဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ၎င်းနောက် စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုပံ့ပိုးကူညီဆောင်ရွက်
ပြည် ဇွန် ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီးရှိ ပြည်မွေးမြူရေးဇုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ရှင်းလင်းဆောင်၌ တိရစ္ဆာန်အမျိုးအစားအလိုက် မြေနေရာ ခွဲဝေချထားမှု၊ မွေးမြူရေးခြံများ ဆောက်လုပ်နေမှု၊ မွေးမြူနေမှုတို့အား တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေလပ်များတွင် တိရစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးရန်၊ ခြံလှောင် မွေးမြူသည့်စနစ်ဖြစ်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်သွားရန်၊ တိရစ္ဆာန် ကူးစက်ရောဂါကျရောက်မှုမရှိစေရေး အပတ်စဉ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်သွား ရန်၊ ဒေသကြက်နှင့် အသားစား/ဥစားကြက်များ တိုးချဲ့မွေးမြူသွားရန်၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website