ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၃)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၁၄) ရက်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ မြို့မိ/မြို့ဖတစ်ဦးနှင့် အလှည့်ကျ ဂေါပကအဖွဲ့ဝင်တို့က (၄၃)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယက္ကန်းအဖွဲ့များ စတင်ယှဉ်ပြိုင်ရက်လုပ်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်းတီးပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၉ ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအား…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၇ ၂၀၂၆ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် / မြို့နယ်ပေါင…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၆ ရက်နေ့၊ မွန်းလွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး ဩဂုတ် ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်…
ပဲခူးတိုင်းဒေသကြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၄ ရက်နေ့၊ မွန်းလွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင် အထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
တောင်ငူ ဩဂုတ် ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး ဩဂုတ် ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမြန်သွားရေယာဉ် (Fiber Glass Boat) လွှဲပြောင်းပေးအပ်
ပြည် ဩဂုတ် ၂ ပြည်မြို့၊ ကမ်းနားလမ်း၊ နဝဒေးပန်းခြံအနီး၊ ဧရာဝတီမြစ်ကမ်း၌ အမြန်သွားရေယာဉ် (Fi…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စက်မှု၊ လက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် ဩဂုတ် ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတိ…
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်မြို့၌ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အဆန်/အမှတ်(၇၄)အစုန်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် ဩဂုတ် ၁ ပြည်ဘူတာ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် အမှတ်(၇၃) အ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စုဒ္ဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၂ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စုဒ္ဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဩဝါဒါစရိယ ပဲခူးမြို့၊ မြို့မ စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။ ထို့နောက် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြရာ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်း သားများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့
သဲကုန်း နိုဝင်ဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ သင်တန်းသားများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း ရေးအဖွဲ့ သင်တန်းသားများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်းသားများအား စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က အာဟာရ ဖြည့်စွက်စာများကိုလည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးဦးဟန်က စစ်ဝတ်ပစ္စည်းများအားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
Read More »ပြည်ခရိုင်အတွင်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန် တောင်သူများနှင့် သီးထပ် စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ် များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် နိုဝင်ဘာ ၁၁ ပြည်မြို့၊ ခေတ္တရာမြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိ အောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ထူးချွန်တောင်သူများနှင့် သီးထပ်စွမ်းအား၊ သီးနှံ စိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံ ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိကာ သီးထပ်စွမ်းအား၊ သီးနှံစိုက် စွမ်းအား တိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး မျိုး၊ မြေ၊ ရေ၊ နည်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်
ရွှေတောင် နိုဝင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ကျွန်းတန်းကုန်း ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၉၀) ဆောင်းမြေပဲအထူးဇုန်သို့ သွားရောက်ခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင် ရေးနှင့် သီးထပ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး အကျယ်တဝံ့ရှင်းလင်းပြောကြား ခဲ့သည်။ ၎င်းနောက် မြေပဲစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပဲစိုက်ခင်းများတွင် ပဲဇဉ်းငုံ သီးညှပ်ထည့်သွင်း စိုက်ပျိုးရန်၊ တစ်နှစ်(၂)သီးသာ စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများအား နွေရာသီတွင် မြေလှပ်ထားမှုမရှိစေရေး စိုက်ပျိုးရေရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website