နောက်ဆုံးရသတင်းများ

ပဲခူးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ အမှတ်တရ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၂ ===================             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားအား ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး နံနက်(၅:၃၀) အချိန်တွင် အလံတင်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်၍ အလေးပြုခဲ့ ကြသည်။           ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပပြလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ …

Read More »

ပဲခူးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲ/ပြိုင်ပွဲနှင့် MSMEs ဒေသ ထုတ်ကုန် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၁ =================           ပဲခူးမြို့၊ ရွှေမော်ဓောစေတီ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားကွင်းအတွင်း၌ ဖေဖော်ဝါရီလ(၁၀)ရက် နေ့၊ ညနေပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဲခူးမြို့၌၊ သစ်သီးဝလံပန်းမန်ပြပွဲ/ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တာဝန်ရှိသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သစ်သီးဝလံပန်းမန်ပြပွဲ/ပြိုင်ပွဲနှင့် MSMEs ဒေသ ထုတ်ကုန် ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖွင့်ပွဲအခမ်းအနား၌ လာရောက်ကပြဖျော်ဖြေပေးသည့် ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ခရိုင်(၆)ခုမှ ထွက်ရှိသည့် …

Read More »

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်လှစ်

ပဲခူး ဖေဖော်ဝါရီ ၁၀ ===========           ပဲခူးမြို့၊ မြို့မရဲစခန်းဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးဆန်းညွန့်လှိုင်နှင့်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ …

Read More »

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း/ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၉ =========            (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၈)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကများ ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲအဖြစ် ဇိုင်း/တောင်(က)အသင်းနှင့် P.H.Kစည်တီး(က)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု၊ အလွတ်တန်းဖူဆယ်ဗိုလ်လုပွဲအဖြစ် HTAN THEE အသင်း နှင့် LUCKY FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြသည်။           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ …

Read More »

သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဖေဖော်ဝါရီ ၇ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မကြာမီ သတ်မှတ်ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများနှင့် လျှပ်စစ်ဓါတ်အားခကြွေးကျန်များ အပြည့်အဝ ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီဖြစ်၍ သတ်မှတ်ဧရိယာအလိုက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ကြရန်နှင့် ကြဲပတ်စိုက်ပျိုးသည့်စနစ်မှ အစေ့ချ စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ …

Read More »