နောက်ဆုံးရသတင်းများ

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၄ ============= ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောတီတော်မြတ်ကြီးရင်ပြင် အင်္ဂါ‌ထောင့်ရှိ မဟာဗောဓိညောင်ပင် တွင် မေလ(၁၄)ရက်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ နံနက်ပိုင်းအချိန်က (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ် အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဘုရားဖူးလာပြည်သူများက ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယောဂီများနှင့် ဘုရားဖူးလာ …

Read More »

ပဲခူးတိုင်းသေကြီးအတွင်းရှိ စံပြမြစိမ်းရောင်ကျေးရွာ ဆုချီးမြင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၁၃ ================= သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မေလ(၁၂)ရက် နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စံပြမြစိမ်းရောင် ကျေးရွာ ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးများ၊ အတိုင်းအတာများနှင့် ပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပြီး မိမိဌာနအပြင် အခြား ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်းများ ဖွင့်လှစ်ရာတွင်လည်း ဒေသ၏လိုအပ်ချက်များကို အထောက်အကူဖြစ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန်၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် လုပ်ငန်းများအား …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

သာယာဝတီ မေ ၁၂ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး လူနာစောင့်များ၊ ဆေးရုံ တက်လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ဆေးရုံအတွက် လိုအပ်လျက်ရှိသော လူနာစောင့် နားနေဆောင် တိုးချဲ့ပေးနိုင်ရေး တွက်ချက်တင်ပြရန်၊ ဆေးရုံတွင်း/ပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ တောရာကုန်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းသိန်း၏ ဒေသကြက်ကောင်ရေ(၃၅၀၀) မွေးမြူအောင်မြင်နေမှုအား …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပညာရေးမြှင့်တင်မှုသင်တန်းများအား သွားရောက်ကြည့်ရှု့ အားပေးထောက်ပံ့

ပြည် မေ ၁၀ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်အတူ မေလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) ပညာရေးမြှင့်တင်မှုသင်တန်းများအား သွားရောက် ကြည့်ရှု အားပေးထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်သော Grade(5) သင်ရိုးသစ် မြို့နယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာ စကား ပြောကြားခဲ့ကာ သင်တန်းနည်းပြ(၆၈)ဦးနှင့် သင်တန်းသား(၈၈၂)ဦးတို့ အတွက် သီးခြားထောက်ပံ့ငွေကျပ်(၇၆)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၌ တစ်နှစ်(၃)သီး စမ်းသပ်စိုက်ပျိုးနေသည့် တောင်သူ ဦးနေမျိုးဝင်း၏ ချည်မျှင်ရှည်ဝါ (၅)ဧကနှင့် တောင်သူ ဦးမျိုးမင်းသိန်း၏ နွေနှမ်း(၅)ဧက စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်ကွင်းတစ်ဆက်တည်းရှိ လယ်ယာမြေများ မြေလပ်မရှိ တစ်နှစ်(၃)သီးစိုက်ပျိုးနိုင်ရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များသို့ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် မေ ၁၀ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၉) ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်များသို့ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပြည်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ သရုပ်ပြ/နည်းပြ အသစ်ခန့်အပ်ထားသည့် ဆရာ/ဆရာမများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး ဖောင်ကြီးသင်တန်းသို့ တက်ရောက်ရမည့် ဆရာ/ဆရာမ (၆)ဦးအား တစ်ဦလျှင်ကျပ်(၁)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကာ တက္ကသိုလ် ဝန်ထမ်းရေးရာ၌ ကျောင်းအပ် လက်ခံနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ နဝင်းချောင်းတံတား ချဉ်းကပ်လမ်း ပြိုကျမှုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည် ကာကွယ်ရေးနည်းလမ်းအတွက် ဆောင်ရွက်နိုင်ရေး တွက်ချက်တင်ပြပေးရန် ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ …

Read More »