ပဲခူး မေ ၁၂ =========== မေလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော် မြတ်ကြီး အထွတ်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော်မြတ်ကြီး အထွတ်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာန နာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယမဟာထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲများအား ဆရာတော် များထံ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ ၂…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၅ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရ…
ပဲခူးမြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ MSME ဒေသထွက်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းဝေးခန်းမ၌ ယမန်နေ့ မွ…
ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပဥ္စမအကြိမ်)မြောက် ဆ…
နောက်ဆုံးရသတင်းများ
၂၀၂၃-၂၀၂၄ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး မေ ၁၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ကင်းထောက်ကျောင်းသား လူငယ်မောင်မယ်များက “ကင်းထောက်ဂုဏ်ရည်”သီချင်းဖြင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲအား သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ကြသည်။ ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့နိုင်ငံ၏ ရေမြေတောတောင် သဘာဝကို ချစ်မြတ်နိုး၍ ရင်ဆိုင်ရမည့် အခက်အခဲများအား ဖြေရှင်းတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီမှုများ၊ စည်းလုံးချစ်ကြည်မှုများ၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်စေရန်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုများရှိလာ စေရေး လူငယ်ကင်းထောက်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တစ်ဆက်တည်း နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာ 4 …
Read More »၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး မေ ၉ =========== ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ(၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဒေသတွင်း အသက်အရွယ်အလိုက် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ လူငယ်လက်ရွေးစင်အဆင့်မှသည် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် မွေးထုတ်နိုင်ရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်နှင့် မြို့နယ်အသီးသီးမှ ပိုက်ကျော်ခြင်း အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်ဖြင့် ထူးချွန်ထက်မြက်သော လူငယ်သွေးသစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ် ကျင်းပပေးခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများကလည်း စည်းကမ်းတကျ စနစ်တကျရှိစွာဖြင့် မိမိမြို့နယ်ပိုက်ကျော်ခြင်းအသင်း အောင်မြင်မှုရရှိစေရေး ကြိုးစားယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း၊ အနိုင်အရှုံးသည်သာမည၊ ယှဉ်ပြိုင်ခြင်းသည် …
Read More »ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်အားပေးထောက်ပံ့
ပဲခူး မေ ၈ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးကြက်ခြေနီ တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု့ အားပေးခဲ့ပြီး သွေးလှူဒါန်း သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ အချိုရည်၊ အားဆေး၊ ဓာတ်ဆားထုပ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ဆေးရုံတက်လူနာစောင့်များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး လူနာစောင့်များအတွက် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် နေ့လည်စာထမင်းဘူးများ ပေးအပ်လှူဒါန်း ခဲ့ကြောင်းသတင်းရရှိသည်။
Read More »ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး မေ ၈ ============== ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား /သူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ဝင်ရောက်ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း “မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website