သာယာဝတီ ဇွန် ၁၈ သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယမန်ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက် ခြမ်း)၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက် စက်များ ဖြန့်ဝေထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့် ပြောင်းလဲပေးနိုင်ခဲ့ခြင်း၊ စနစ်ကျလယ်ယာမြေပြုပြင်ပေးနိုင်ခြင်း၊ စိုက်ပျိုးရေ ရရှိရေးနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ စိုက်ပျိုးနည်းစနစ်များ ပြုပြင်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် အဓိကသီးနှံ(၁၀)မျိုး အနက် အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးလည်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တန်ဖိုးသင့် လက်ဆွဲ ကောက်စိုက်စက်များ ဖြန့်ဝေထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ပဲခူးတိုင်း ဒေသကြီး၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကာ မဖြစ်မနေ စက်မှုလယ်ယာသို့ အလုံးစုံပြောင်းလဲသွား ရတော့မှာဖြစ်၍ …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေး
ပြည် ဇွန် ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)အား ပဲခူးမြို့ရှိ Agro Future Myanmar Co., Ltd နှင့် ပြည်မြို့ရှိ ရွှေဝါထွန်းကုမ္ပဏီတို့မှ ထုတ်လုပ်သည့် လက်ဆွဲကောက်စိုက်စက်(၂)မျိုးတို့၏ စက်စွမ်းအားဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်မှ ခေတ်မီစိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)သို့ သွားရောက်၍ စက်ရုံဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ၎င်းနောက် စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုပံ့ပိုးကူညီဆောင်ရွက်
ပြည် ဇွန် ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီးရှိ ပြည်မွေးမြူရေးဇုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ရှင်းလင်းဆောင်၌ တိရစ္ဆာန်အမျိုးအစားအလိုက် မြေနေရာ ခွဲဝေချထားမှု၊ မွေးမြူရေးခြံများ ဆောက်လုပ်နေမှု၊ မွေးမြူနေမှုတို့အား တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေလပ်များတွင် တိရစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးရန်၊ ခြံလှောင် မွေးမြူသည့်စနစ်ဖြစ်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်သွားရန်၊ တိရစ္ဆာန် ကူးစက်ရောဂါကျရောက်မှုမရှိစေရေး အပတ်စဉ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်သွား ရန်၊ ဒေသကြက်နှင့် အသားစား/ဥစားကြက်များ တိုးချဲ့မွေးမြူသွားရန်၊ …
Read More »ပြည်မြို့၌ အပတ်စဉ်(၃၀) သူနာပြုသားဖွားသင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပြည် ဇွန် ၁၆ ပြည်မြို့၊ ခေတ္တရာရတနာခန်းမ၌ ဇွန်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက အပတ်စဉ်(၃၀) သူနာပြု သားဖွားသင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အပတ်စဉ်(၃၀) သူနာပြုသားဖွားသင်တန်းသား/သူများက “လောကအားမာန်” သီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆောင်ရွက်ရာတွင် ်တိုင်းဒေသကြီးအတွင်း ကျေးလက်အစွန်အဖျားဒေသများအထိ တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သင်တန်းသား ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး သင်တန်းကျောင်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုသားဖွားများ၏ကဏ္ဍသည် အလွန်အရေးကြီးပြီး ကျန်းမာရေး …
Read More »ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
ကြို့ပင်ကောက် ဇွန် ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ဇွန်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်း ဒေသကြီး ဥပဒေချုပ်တို့က ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက် အဦသစ် ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြ ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်တွင် မဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website