နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၂ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၂) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြု လုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တို်ငးဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းကာ ဇန်နဝါရီလအတွင်း ပျူမြို့ဟောင်း ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး အပျော်တမ်းစက်ဘီးစီးပွဲတော်အား အားကစားသမား(၃၅၀)ဦး ကျော်ဖြင့် တည်ငြိမ်အေးချမ်း စည်းကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ၊ ဒေသအခြေပြု ခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းသစ်များ ဖော်ထုတ်ဆောင် ရွက်သွားနိုင်ရေး ကြိုးစားလျက်ရှိကြောင်း၊ ဒေသတွင်း ခရီးသွားလု်ပငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် အတူ ဟိုတယ်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြား …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ကလိကျေးရွာအနီး (၆)ထပ်ဆေးရုံ တည်ဆောက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီလ ၂၁ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာများ လိုက်ပါလျက် ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ် ဆေးရုံတည် ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ကလိ(၆)ထပ်ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ရာ ကလိဆေးရုံတည် ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးပါက ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ လူနာများ အား ပြောင်းရွေ့ကုသပေးမည့် အခြေအနေများနှင့် ဆေးရုံဧရိယာအတွင်း ရေကြီးမှုမဖြစ်စေရေး ရေဝင်/ထွက် ကောင်းမွန်စေရေးနှင့် ဆေးရုံရေရရှိရေး ဆောင်ရွက်မည့် အခြေအနေများအား တာဝန်ရှိသူများက အသီးသီးတင်ပြခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများအပြင် ပဲခူးမြို့နယ်အတွင်း စက်မှုလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသဖြင့် …

Read More »

ပဲခူးမြို့တွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၂၀ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလု်ပငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်းကန်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၉.၈)သန်းဖြင့် ဒိုက်ပင်များ၊ ကိုင်းပင်များ၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ကန်ဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့အတွင်း ရန်ကုန်-မန္တလေးလမ်းကားလမ်း ရေကျော်ခြင်း နှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်ခြင်းမှ ကာကွယ်ရန် ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်းကန်သည် အဓိကဖြစ်သည့်အတွက် …

Read More »

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၁၈) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)အား Online Zoom Meeting System  ဖြင့် ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီး၌ အိုမီခရွန်ရောဂါပိုး စတင်ဝင်ရောက်လျက်ရှိပြီး ကိုဗစ်(၁၉)ရောဂါပိုး တွေ့ရှိမှုများ အနည်းငယ်မြှင့်တက်လာပြီဖြစ်၍ ကာကွယ်ဆေးထိုးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ် သလို ရပ်ကွက်/ကျေးရွာများရှိ ပြည်သူတစ်ဦးချင်အလိုက် ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ သွားလာနေထိုင်နိုင်ရေး အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဆေးရုံများတွင် ကိုဗစ်(၁၉) နှင့်ပတ်သက်၍ ပြန်လည်ဖြေကြားပေးနိုင်ရေး HotLine နံပါတ်များ မကြာမီရရှိမည်ဖြစ်၍ ပြည်သူများ သိရှိဆက်သွယ်နိုင်ရေး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ …

Read More »

၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ နှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၇ ======================      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့် ခန်း (အေရိုးဗစ်)ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)အသင်းနှင့် အလေးမအသင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက်ကြသည်။          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှု စသည့်အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင် …

Read More »