နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခုအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ် လှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၆ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၆) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား တိုင်းဒေသကြီး မြို့တော်တစ်ခု အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်လှပစေရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ (၅)ထပ်၊ (၄)လုံး အခန်းပေါင်း(၈၀)ခန်း (၁၀၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်၊ တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များဖြင့် အဆောက်အဦများအား စနစ်တကျ စိစစ်လက်ခံဆောင်ရွက်သွားရန်နှင့် အိမ်ရာဝန်း အတွင်း/အပြင် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်၌ တည်ဆောက်လျက်ရှိသော အားကစားဥယျာဉ်စီမံကိန်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြို့ပင်ကောက်မြို့ တရားရုံးအဆောက်အဦသစ် မင်္ဂလာပန္နက်တော် တင် အခမ်းအနားတက်ရောက်

ကြို့ပင်ကောက် မတ် ၂ ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မတ်လ(၂)ရက်နေ့ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့ တရားရုံးအဆောက်အဦသစ် မင်္ဂလာပန္နက်တော်တင် အခမ်းအနားတက်ရောက် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် တရားရုံး အဆောက်အဦသစ် မင်္ဂလာပန္နက်တော်တင် အခမ်းအနားသို့ ရောက်ရှိခဲ့ရာ မြို့နယ်တရားသူကြီးမှ တရားရုံးသစ် တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် တရားရုံးတည်ဆောက်ရေးတာဝန်ခံ Winner Land Production Co. Ltd တာဝန်ရှိသူတစ်ဦးကတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းအချက်အလက်များအား ရှင်းလငိးတင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာပန္နက်တော်တင်နေရာ၌ နေရာယူကြပြီး မင်္ဂလာအချိန်၌ပန္နက်တော်အား (၉)ချက် ရိုက်သွင်းကာ အမွေးနံ့သာရည်များ ပတ်ဖျန်း ပေးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးချုပ်တို့မှ ရတနာရွှေမိုးငွေမိုး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူး မတ် ၄ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံပိုလျှံ မှုရှိစေရန် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်နှစ်က စားသုံးဆီဖူလုံမှု(၉၃)ရာခိုင်နှုန်းမှ ယခုနှစ်တွင် နေကြာသီးညှပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုး(၂၂၂၅)တင်း အား အခမဲ့ဖြန့်ဝေစိုက်ပျိုးစေခဲ့ရာ စားသုံးဆီဖူလုံမှု (၁၀၀)ရာခိုင်နှုန်းထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ထပ်မံ၍လည်း ပြည်ပထုတ်ကုန် လျော့ချသုံးစွဲနိုင်ရေးနှင့် ဒေသထွက်စားသုံးဆီများ ပြည်တွင်းဈေးကွက် သို့ ဖြန့်ဖြူးပေးနိုင်ရေး လာမည့်နှစ်တွင် နေကြာဧက(၈၅၀၀၀)ကျော် စိုက်ပျိုးသွားရန် လျာထားလျက်ရှိကြောင်း၊ မြို့နယ်အလိုက် အမှန်တကယ် နေကြာစိုက်ပျိုးဖြစ်ထွန်းစေမည့် နေရာများအား ရှာဖွေ၍ တစ်ကွင်းတစ်ဆက်တည်းဧကများစွာ တို့ချဲ့စိုက်ပျိုးရမည်ဖြစ်ပြီး တောင်သူများအား အသိပညာပေးခြင်း ဆောင်ရွက်ရမည်ဖြစ်သလို မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ ပေးခြင်းနှင့် ရေရရှိရေး …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး မတ် ၃ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၂/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)ကာလ ကုန်ဆုံးတော့မည်ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ခြောက်သွေ့ရာသီရောက်ရှိလာပြီဖြစ်၍ ဌာနဆိုင်ရာရုံးများ မီးဘေးကာကွယ်ရေးပစ္စည်းများ ပြည့်စုံလုံလောက်စွာ ထားရှိရန်နှင့် အောက်ခြေရုံး/ ဌာနများအား စစ်ဆေးကြပ် သွားရန်ဖြစ်ကြောင်း၊ ဒေသတွင်း စားသုံးဆီသုံးစွဲခြင်း လျော့ချနိုင်ရေး အသိပညာပေးရန်နှင့် ဆီထွက်သီးနှံနေကြာအား သီးညှပ်စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာရုံးတွင်း/ရုံးပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် လျှပ်စစ်မီး လျော့ချသုံးစွဲနိုင်ရေး ဆောင်ရွက်ထားကြရန် လမ်းညွန်မှာ ကြားခဲ့သည်။           ထို့နောက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကြို့ပင်ကောက် မတ် ၂ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်အတူ မတ်လ(၂)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ စစ်ကုန်း(၂)ကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ ဆင်းရွှေကြာမျိုး နေကြာသီးညှပ် စိုက်ခင်း(၃၀၇)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဒေသအတွင်း နေကြာမျိုးများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် အတွက် မျိုးစုဆောင်းရန်နှင့်  နေကြာစိုက်ပျိုးနိုင်သည့်နေရာဒေများအားလုံးတွင် နေကြာ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဂုမ္မင်းကွင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ တောင်သူ ဦးသိန်းထွန်း၏ နေကြာသီးသန့် စိုက်ခင်း(၁၀)ဧကအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ပအစားထိုး စားသောက်ကုန်ဖြစ်သော စားသုံးဆီပိုမိုဖူလုံ ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် ၂၀၂၀ …

Read More »