ပဲခူး ဇန်နဝါရီ ၂၆ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈) မြို့နယ်တွင် တန်ခိုးကြီးဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆေးသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းများအား ဇန်နဝါရီလ(၂၅)ရက်နေ့မှစတင်၍ စုပေါင်းဆောင်ရွက်လျက်ရှိပြီး စတုဒီသာကျွေးမွေး ခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ မွန်းလွဲပိုင်း၌ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်း ဒေသကြီးအတွင်း အေးချမ်းတည်ငြိမ်မှု၊ အလုပ်ရှင်/အလုပ်သမားပြဿနာ ကင်းရှင်းခြင်းတို့ကြောင့် နိုင်ငံခြား သား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၆)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် အပတ်စဉ် အင်္ဂါနေ့တိုင်း တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် သင်တန်းကျောင်းများ၌ အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူမ…
ရေမွန်းသောမွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်းသင်တန်း ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အသက်ကယ်ပြု…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဗေဒါလက်မှုထုတ်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း သင်တန်း ဖွင့်ပွဲနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သဲကုန်း ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၊ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး လူငယ့်အလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲ သို့ တက်ရောက်ချီးမြှင့်
ပြည် ဇန်နဝါရီ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ခရိုင်၊ ပြည်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပန်းတောင်း ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်န…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နတ်တလင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး
နတ်တလင်း ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ဇန်နဝါရီ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး
ညောင်လေးပင် ဇန်နဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ် စဉ်( ၃/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၃ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျော…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်
ပဲခူး ဇန်နဝါရီ ၂၅ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးဆောင်ရွက်နေနှင့် ဆေးသင်္ကန်းကပ်လှူပူဇော်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်အတွင်း ဉာဏ်တော်(၁၈၀)ပေရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ခဲ့ပြီး စေတီတော်အား ဆေးသင်္ကန်းကပ်လှူနေမှုနှင့် စေတနာရှင် ပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဌာနဆိုင်ရာများမှ စုပေါင်း၍ စေတီတော်အား သန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ဓမ္မာရုံ၌ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ မဟာနာယကဆရာတော်ကြီးဖြစ်သည့် အသောကဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကန်တော့ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား ကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း ဝါသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၄ ====================== ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း ဝါသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် သီးနှံစုံစိုက်ပျိုး သည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စီမံကိန်းဝင်သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရန် လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဆန်ဖူးလုံမှုရှိသော်လည်း ခေတ်အဆက်ဆက် ဆီဖူလုံမှုသည် (၉၇)ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုအခါနေကြာမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့် ဆီဖူလုံမှု(၁၀၂)ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဝါသီးနှံစိုက်ပျိုးရာတွင်လည်း အမှန်တကယ် အထွက်နှုန်းကောင်းပြီး တောင်သူများအတွက် တွက်ချေကိုက်သည့် ချည်မျှင်ရှည်ဝါ Raka F1 (၆၆၆)မျိုးကို လာမည့်ဝါစိုက်ရာသီအမီ ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်စုဆောင်းထားရှိရန်နှင့် စိုက်ပျိုးရေအား …
Read More »ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (ဒုတိယ) အကြိမ် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတိယ)အကြိမ် ဆေးပဋ္ဌာန်း ရွတ်ဖတ် ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်ရှိ ဘေသဇ္ဇမုဒြာလာဘမုနိ ဓမ္မဝတ်ရည်ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ် သည်။ အခမ်းအနားသို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရွှေဂူကျောင်းဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်ပြီး ရတနာသီရိ ကျောင်း ဆရာတော်မှ ပဋ္ဌာန်းတရားများနာကြားရန် သမ္မာဒေဝနတ်ဗြဟ္မာများအား ဖိတ်ကြားခဲ့ကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့၊ …
Read More »သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစု ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်
သာယာဝတီ ဇန်နဝါရီ ၁၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက် ပါလျက် ဇန်နဝါရီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ် ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သာယာဝတီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူ များအား တောင်သူစိတ်ကြိုက် လိုအပ်သော မျိုးစပါး၊ ယူရီးယား+ကွန်ပေါင်း ဓါတ်မြေဩဇာ၊ ရွက်ဖြန်း မြေဩဇာ၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများအား ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူစိတ်ကြိုက် မှာယူထားသည့် သွင်းအားစုများအား ကြည့်ရှုစစ်ဆေးခဲ့ သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးကျေးရွာနှင့် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာတို့ရှိ ဆောင်းနေကြာသီးသန့်စံပြကွက်များအား ကြည့်ရှုစစ်ဆေး ခဲ့ …
Read More »