နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၅ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တောင်သူလယ်သမားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အလိုက် မိမိတို့မြို့နယ်အတွင်းရှိ ဆောင်းပဲတီစိမ်းနှင့် နွေစပါး စိုက်ပျိုးသည့် တောင်သူများအား အစုအဖွဲ့များဖွဲ့စည်း၍ တောင်သူစိတ်ကြိုက် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျ စာရင်းကောက်ယူသွားရမည်ဖြစ်ပြီး တောင်သူများလက်ဝယ် တိုက်ရိုက် ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ သမဝါယမဦးစီးဌာနမှလည်း …

Read More »

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများပပျောက်အောင် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၅ ========== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအမျိုးသမီး အကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အကြိုလှုပ်ရှားမှုအဖြစ် လူစည်ကားရာနေရာများတွင် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ (၁၆)ရက်တာကာလအတွင်းမှာ ကျား၊မအခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အသိပညာပေးသင်တန်းများကိုလည်း ခရိုင်၊ မြို့နယ်များမှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်သည် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစု လှုပ်ရှားပေး”ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အမျိုးသမီးများအပေါ် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၃ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တောင်သူလယ်သမားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အလိုက် မိမိတို့မြို့နယ်အတွင်းရှိ ဆောင်းပဲတီစိမ်းနှင့် နွေစပါး စိုက်ပျိုး သည့် တောင်သူများအား အစုအဖွဲ့များဖွဲ့စည်း၍ တောင်သူစိတ်ကြိုက် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျ စာရင်းကောက်ယူသွားရမည်ဖြစ်ပြီး တောင်သူများလက်ဝယ် တိုက်ရိုက် …

Read More »

မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြရန် တို်ငးဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၂ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာ ရေးလုပ်ငန်းများသည် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်၍ ပြည်သူလူထုထံ အပြည့်အဝ ဝန်ဆောင်မှုပေးရန်နှင့် ယဉ်ယဉ် ကျေးကျေး ပြောဆိုဆက်ဆံရန်လိုအပ်ကြောင်း၊ မြို့တိုင်းတွင်ရှိသည့် အများနှင့်သက်ဆိုင်သည့် (Public Area) များ၊ မြို့နယ်ခန်းမများ၊ လမ်းမကြီးများ၊ ဈေးများနှင့် မြို့ဝင်/ထွက်များတွင် အလှပန်းပင်များ၊ အရိပ်ရအပင်များဖြင့် အလှဆင်ရန်နှင့် သန့်ရှင်းသပ်ရပ်စေရေးလည်း နေ့စဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စည်ပင်ပိုင်ဧရိယာအတွင်း ကျူးကျော်မှုများ မရှိစေရေး အထူးကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြို့တစ်ခု၏ စည်ပင်သာယာရေးလုပ်ငန်းများသည် ယင်းမြို့၏ ရရှိသည့် ဝင်ငွေခွန်ပေါ်တွင် မူတည်နေသဖြင့် ခေတ်နှင့်လျော်ညီသည့် အခွန်အခများရရှိစေရေး ဆောင်ရွက်သွားရန် …

Read More »

ပဲခူးမြို့တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ (ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး နိုဝင်ဘာ ၂၁ ============ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက (၃၃)နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။        ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ ညောင်လေးပင်မြို့၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ကိုကိုစိတ်ကူးယဉ်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီးဝန်းကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု့အားပေး ကြသည်။        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၃၃)နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနား အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၂ခုနှစ်၊ကမ္ဘာ့ကလေးများနေ့ (UNCRC Day) အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဉာဏစွမ်းရည်နှင့် …

Read More »