ပဲခူး ဇူလိုင် ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပဲခူးမြို့နယ်၊ ခေတ္တတပ်နယ်မှူးတို့နှင့်အတူ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ရေဝင်ရောက်မှု များအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့သစ်(င)ရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်အတွင်း ပဲခူးမြစ်ရေဝင်ရောက်နေမှုနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ များ၊ ပရဟိတအဖွဲ့များမှ ရေဘေးသင့်အိမ်ထောင်စုများ ပြောင်းရွေ့ပေးနေမှုအား စက်လှေများဖြင့် လှည့်လည် ကြည့်ရှုခဲ့သည်။ ၎င်းနောက် ရေဝင်ရောက်သည့် ရပ်ကွက်များရှိ နေအိမ်တွင်ကျန်ရှိသူများ စားသုံးမှုအဆင်ပြေစေရေး ထမင်းထုပ်များ လိုက်လံပို့ဆောင်ပေးရန်နှင့် ရပ်ကွက်အလိုက် ကျန်းမာရေးအဖွဲ့ များ သီးခြားဖွဲ့စည်းထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ကြီးစုတာအား ရေကျော်မှုမရှိစေရေး သဲအိပ်ဖို့ယာယီရေတားတာ ပြုလုပ်နေမှုအား လှည့်ကြည့်ကြည့်ရှုခဲ့သည်။ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း
ပဲခူး စက်တင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ…
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပဲခူး စက်တင်ဘာ ၂၄ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီ…
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့
ပဲခူး စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊…
ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ခြင်းအခမ်းအနား ကျင်းပ
ပဲခူး စက်တင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူ…
ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ…
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက်…
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆ…
ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအခြေအနေအား ကြည့်ရှု့စစ်ဆေး
ပဲခူး ဇူလိုင် ၂၇ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှု အခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြစ် ရေဘေးကာကွယ် ရေးတာတစ်ခုဖြစ်သည့် ပန်းလှိုင်ရေတားတာ၌ ရေဘေးကြိုတင်ကာကွယ်ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကျော်နိုင်သည့် တာအနိမ့်ပိုင်းနေရာများတွင် သဲအိတ်များကြိုတင်စုပုံထားရန်၊ ရေတားတာတစ်လျောက် ရေကင်းများစနစ်တကျထားရှိပြီး စောင့်ကြည့်စစ်ဆေးရန်၊ ဖြစ်ပေါ်လာ နိုင်သည့် မြစ်ရေမြင့်တက်နိုင်မှု အခြေအနေအားတွက်ဆ၍ လူအသင့်၊ စက်ရေယာဉ်အသင့်၊ ပြောင်းရွေ့ ပေးရန် မော်တော်ယာဉ်အသင့်ထားရန်နှင့် ရေဘေးကာကွယ်ရေးတာများ၏ ကြိုတင်ရေဘေးကာကွယ်ရေးလုပ်ငန်း များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းစောင့်ကြည့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြစ် ရေဘေးကာကွယ်ရေးတာများဖြစ်သည့် ကျောက်ကြီးရပ်ကွက်ရှိ ကျောက်ကြီးစုတာနှင့် ညောင်ဝိုင်းရပ်ကွက်ရှိ ညောင်ဝိုင်းတာများ၏ ရေဘေး ကြိုတင် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ပျိုးသည့် ရာသီဖြစ်၍ သတ်မှတ် စိုက်ဧကများ ပြည့်မီစွာအချိန်မီပြီးစီးရေး စိုက်ပျိုးသွားရန်နှင့် တစ်ဘက်မှာလည်း ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်၊ပျက်စီးမည့် မိုးစပါးစိုက်ဧကများအတွက် ပြန်လည်ကုစားနိုင်ရေး ကြိုတင်ပျိုးထောင်ခြင်းလုပ်ငန်း များ ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရန် လိုအပ်မှာဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးမှုပုံစံအရ မိုးစပါးသည် ပထမသီးနှံဖြစ်သည့်အတွက် ရာသီအချိန်မီ စိုက်ပျိုးနိုင်မှသာ ဒုတိယ သီးနှံနှင့် တတိယသီးနှံများ စိုက်ချိန်မှန်ကန်စွာ စိုက်ပျိုးနိုင်မှာဖြစ်၍ သက်ဆိုင်ရာမြို့နယ်အလိုက် စိုက်ပျိုး ရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များမှ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား သွားရောက်ကူညီထောက်ပံ့
သာယာဝတီ ဇူလိုင် ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက် ပိုင်းက သာယာဝတီခရိုင်အတွင်း ဧရာဝတီမြစ်ရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြစ်မခမြစ်ရေ ကြီးမှုတို့ကြောင့် သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား လိုအပ်သည်များ သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ ဖိုးကတိုး-ကညင်အောတာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေတားတာတစ်လျောက် ရေကင်းများချ၍ ကြံ့ခိုင်မှု အား အချိန်ပြည့်စစ်ဆေးရန်၊ ရေကျော်နိုင်သည့် တာအနိမ့်နေရာများတွင် သဲအိပ်များဖြင့် ယာယီမြှင့်တင် ခြင်းများ ဆောင်ရွက်ရန်နှင့် ရေလမ်းကြောင်းတစ်လျောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် လက်ပံတန်း-သာရဝေါ မဟာဗျူဟာလမ်း မိုင်တိုင်အမှတ်(၅/၁)နှင့် (၅/၂)ကြား ရေကျော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းရေကျော်သည့် နေရာများတွင် ရေလမ်းကြောင်း လမ်းညွှန်အမှတ်အသားများနှင့် လမ်းပြများထားရှိရန်၊ ရေပြန်လည်ကျဆင်းသွားပါက ချက်ခြင်းပြန်လည် ပြုပြင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိသူများအား …
Read More »အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပဲခူး ဇူလိုင် ၂၄ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပဲခူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့တွင် ဆောင်ရွက်ရန် လျာထားသည့် Lot(၅) ခု၊ လုပ်ငန်း(၇)ခုအတွက်လုပ်ငန်းတင်ဒါအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website