နောက်ဆုံးရသတင်းများ

သာယာဝတီခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

သာယာဝတီ ဇန်နဝါရီ ၁၃ ==================== သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ(၁၅၉၅၇၆)ဦး ဆောင်ရွက် ပေးရမှာဖြစ်ကြောင်း၊ ယခုအခါ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် ပန်းခင်းစီမံချက်လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ နိုင်ငံတော် အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော (eID) လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်လူ့ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများအတွက် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း(၁)စုံစီ ထောက်ပံ့ ကူညီပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံသား တစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်းများတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်သည့် အားကစားသမား‌များအား ထောက်ပံ့ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၂ =============           ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်သည့် အားကစားသမား‌များအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့် ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်တာနဲ့အညီ ယနေ့ဂုဏ်ပြုပွဲအခမ်းအနား၌ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးမှ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အာရှနှင့်ကမ္ဘာ့အဆင့်မှာပါ အောင်မြင်မှုရရှိခဲ့ကြသော ရွှေခေတ်ထူးချွန် ဘောလုံးသမားဟောင်းများနှင့် အခြားအားကစားနည်းများတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသော အားကစားသမားများအား ဖိတ်ကြားပြီး တွေ့ဆုံချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော အားကစား သမားများ ဘဝနောင်ရေးအဆင်‌ပြေစေရေးအတွက် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင် ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်းကို တစ်ချိန်က အာရှနှင့်အရှေ့တောင်အာရှ တစ်လွှား၌ ရွှေရောင်လွှမ်းသည့်အောင်မြင်မှုများ ရယူပေးခဲ့ကြသည့်အတွက် မိမိနိုင်ငံ၏အဆင့်အတန်း၊ …

Read More »

ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ပန်းတောင်း ဇန်နဝါရီ ၁၂ =========== ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွင့်အရေး အရပ်ရပ်လိုင်စင် များအား ဈေးပြိုင်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————

Read More »

ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ထန်းတပင် ဇန်နဝါရီ ၁၂ =========== ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွင့်အရေး အရပ်ရပ်လိုင်စင် များအား ဈေးပြိုင်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————

Read More »

ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ဒိုက်ဦး ဇန်နဝါရီ ၁၂ =========== ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွင့်အရေး အရပ်ရပ်လိုင်စင် များအား ဈေးပြိုင်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————

Read More »