ပဲခူး ဧပြီ ၁၄ ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များတွင် ယိမ်းအဖွဲ့များကပြနေမှု၊ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် မိသားစုများ ၏ ရေကစားမဏ္ဍပ်သို့သွားရောက်ပြီး တပ်မတော်မိသားစုယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊ ရေကစားနေမှု နှင့် စတုဒီသာကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှု့အားပေးပြီး တပ်မတော်မိသားစုဝင် ယိမ်းအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်ဖွဲ့ဝင်မိသားစု များက ဝန်ကြီးချုပ်ထံ ဂုဏ်ပြုပန်းခြင်း ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်း အဖွဲ့များနှင့် ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သီဆိုကပြဖျော်ဖြေခြင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)သို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်
ပဲခူး ဇူလိုင် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့…
ပြည်မြို့၌ ဧရာဝတီမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
ပြည် ဇူလိုင် ၁၄ ပြည်မြို့၊ ကမ်းနားလမ်းဘေး၊ ဧရာဝတီမြစ် သဘာဝမြစ်ရေပြင်အတွင်းသို့ ငါးမျိုးစို…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း မိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပန်းတောင်း ဇူလိုင် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ပိုလျှံစွာထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ဇူလိုင် ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၀ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၈ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်း…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ သွားရောက်ကြည့်ရှု့ အားပေး
ပဲခူး ဇူလိုင် ၆ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး ဇူလိုင် ၅ ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစ…
ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၄ ပဲခူးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် ==========
ပဲခူး ဧပြီ ၁၃ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ၁၃၈၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား တိုင်းဒသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိမြို့ဖတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် ဧည့်ခံယိမ်းအဖွဲ့တို့မှ စုပေါင်း၍ တိုင်းလုံးပြည့်လျှံ ပဲခူးသင်္ကြန် သီချင်း၊ မြူမှောင်ဝေကင်းသီချင်းတို့ဖြင့် ပြိုင်တူသံပြိုင်သီဆို ကပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး …
Read More »ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၁ ============ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး အလယ်ပစ္စယံ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပဲခူးမြို့နယ် ကျောင်းတိုက်အသီးသီးရှိ ပင့်သံဃာအပါး(၁၀၀၀)တို့မှ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။ ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အလှူရှင်များမှ သံဃာအပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူပူဇော်ကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခြင်း …
Read More »သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် လူထိခိုက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ဧပြီ ၇ ပဲခူး ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၆)ရက်နေ့၊ နံနက် ပိုင်းက ၂၀၂၃ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လု်ပငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးရိုးရာအစဉ်အလာမပျက် ကျင်းပသည့်ပွဲတော်များ ရာသီအလိုက်ရှိပြီး ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အလေ့အထကောင်းများအတိုင်း ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ယိမ်းများနှင့် ပါဝင်ဆင်နွှဲ သူများအားလုံးကို ဌာနဆိုင်ရာ မဏ္ဍပ်များမှ နေ့စဉ်စတုဒီသာကျွေးမွေးခြင်းများအပြင် တိုင်းရင်းသားများအတွက် ရေကစား မဏ္ဍပ်နှင့် ရိုးရာအစားအစာများလည်း နေ့စဉ်ထည့်သွင်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန် ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးရုံများတွင် အရေးပေါ်ဌာနများ၌ လိုအပ်သည့်ဆေးဝါးများ ကြိုတင် ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧပြီ ၆ ပဲခူး =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ ဖြူးမြို့၊ ဘိုးဘွားရိပ်သာသို့ ရောက်ရှိခဲ့ပြီး အစောင့်အရှောက်ခံ အဘိုးအဘွားများအား နွေးထွေးစွာ နှုတ်ဆက်အားပေး စကား ပြောကြားခဲ့ပြီး အဘိုးအဘွားများအား နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုစစ်ဆေးရန်၊ ဆေးဝါး လိုအပ်ချက် ကူညီပံ့ပိုးပေးရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး ဆောင်ရွက်ရန်နှင့် ဘိုးဘွားရိပ်သာ သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကူညီဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး အဘိုးအဘွား များအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖြူးမြို့၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းရုံးသို့ ရောက်ရှိခဲ့ပြီး စည်းအဝေးခန်းမ၌ သမဝါယမအသင်းသားများနှင့်တွေ့ဆုံခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်က …
Read More »