ပြည် အောက်တိုဘာ ၁၂ ပြည်မြို့၊ ခေတ္တရာပြည်သု့ခန်းမ၌ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ဒေသသည် သရေ ခေတ္တရာ အမွေအနှစ်မြေဖြစ်သည့် ပျူမြို့ဟောင်းတည်ရှိရာနေရာတစ်ခုဖြစ်ပြီး ဒေသရိုးရာအစားအသောက် ယဉ်ကျေးမှုစုဝေးရာမြို့တစ်ခုလည်းဖြစ်ကြောင်း၊ ဒေသတစ်ခု၏ အစားအသောက် ယဉ်ကျေးမှုဆိုတာ ထိုဒေသရဲ့ ရာသီဥတု၊ စိုက်ပျိုးရေးထွက်ကုန်၊ လူနေမှုဘဝနဲ့ သမိုင်းကြောင်းတို့ရဲ့ ပေါင်းစပ်ရောင်ပြန်ဟပ် မှုဖြစ်ကြောင်း၊ ခေတ်သစ်ကမ္ဘာ့အမြင်မှာ အစားအသောက်ခရီးသွားလုပ်ငန်း (Food Tourism) ဟာ ဒေသတစ်ခုရဲ့ စီးပွါးရေးနှင့် ခရီးသွားကဏ္ဍကို မောင်းနှင်ပေးနိုင်တဲ့ အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် ဒေသထွက် အစားအစားများအား ဘေးကင်းလုံခြုံပြီး အဆင့်အတန်းမီမီ အရသာရှိရှိဖြင့် …
Read More »၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ
ပဲခူး အောက်တိုဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုန…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တေ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် အောက်တိုဘာ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်မြို့၌ မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာ ပြိုင်ပွဲ ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၁၂ ပြည်မြို့၊ ခေတ္တရာပြည်သု့ခန်းမ၌ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မြန်…
တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းတို့မှ (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၁၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆောင်းသီးနှံများအား လျာထားဧက ပြည့်မီကျော်လွန် အောင် စိုက်ပျိုးနိုင်ရေး မြေအစိုဓါတ်ရှိချိန် အချိန်မီ စိုက်ပျိုးသွားရန်မှာကြား
ပဲခူး အောက်တိုဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အောက်တိုဘာလ ၇ ရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသ…
နောက်ဆုံးရသတင်းများ
တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းတို့မှ (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းတို့မှ (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ မဟာသုဒဿနာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ “အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလအရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၅)ပါး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၁၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီ ရှေးဟောင်း ကျုံးမြောက်ဘက် ရေထုတ်ပြွန်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရှေးဟောင်းဘုတ်တလုပ်ရေကန် အဆင့်မြှင့်တင်ဖော်ထုတ်နေမှုနှင့် ကေတုမတီနန်းမြို့နှင့်နန်းတော်ရာဟောင်း တူးဖော်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး အနောက်ဘက်ကျုံးနှင့် တောင်ဘက်ကျုံး တို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ကေတုမတီမြို့ဟောင်း ယိုးဒယားပေါက် ပြန်လည်ထိန်းသိမ်းထားရှိမှုနှင့် ပေါရိသာဒ် တံခါးပေါက်ရှေ့ ကျုံးရေပြင်အတွင်း တူးဖော် ရရှိသည့် ရှေးဟောင်းကျုံးကူးတံတားဟောင်း၏ ကျွန်းတိုင်လုံးများ ကြည့်ရှုစစ်ဆေးခဲ့ပြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆောင်းသီးနှံများအား လျာထားဧက ပြည့်မီကျော်လွန် အောင် စိုက်ပျိုးနိုင်ရေး မြေအစိုဓါတ်ရှိချိန် အချိန်မီ စိုက်ပျိုးသွားရန်မှာကြား
ပဲခူး အောက်တိုဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မိုးသီးနှံရိတ်သိမ်း သည့် ကာလဖြစ်သော်လည်း ပြင်းထန်သော အယ်နီညိုဖြစ်စဉ်ကြောင့် ဆောင်းသီးနှံလျာထားဧကများ ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် မြေအစိုဓါတ်ရှိချိန် အချိန်မီစိုက်ပျိုးသွားရန်ဖြစ်ကြောင်း၊ ချောင်းပိတ်/မြောင်းပိတ်များကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်၍ စိုက်ပျိုးရေအား အကျိုးရှိရှိသုံးစွဲကြရန် ဖြစ်ကြောင်း၊ ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံစေရေးအတွက် လအလိုက် တိုးချဲ့မွေးမြူသွားရမည့် စီမံချက်ပါအတိုင်း မွေးမြူနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စားဖိုဆောင်သီးနှံများကိုလည်း နေအိမ်အလိုက် စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမှာဖြစ်သလို ဒေသတွင်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ရေကြီးနစ်မြှုပ်မှု လျော့နည်းသပ်သာစေရေး ပန်းဆိုးချောင်း တူးဖော်နေမှု၊ ပုဏ္ဏားစုရပ်ကွက် ဟံသာဝတီရှေးဟောင်းကျုံး ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ မုန်တိုင်ကျေးရွာ ရေနစ် မြှုပ်မှုကာကွယ်ရေး ရေထုတ်ချောင်းရိုး ပြန်လည်အဆင့်မြှင့်တင်ပေးနေမှု၊ ဥဿာ မြို့သစ်၊ (၇)ရပ်ကွက်အတွင်း ရေဝပ်မှုမရှိစေရေး ရေလမ်းကြောင်းရှင်းလင်းခြင်းလုပ်ငန်းနှင့် ရပ်ကွက် အတွင်း ရေမြာင်းများ အမှိုက်ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်နေမှုတို့အား လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြစ်ချောင်းများရှိ ရေများအား စနစ် တကျစီးဆင်းစေရန်၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website