ပဲခူး ဇွန် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂ဝ၂၆ ခုနှစ်၊ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း(အတီးဘာသာရပ်) သင်တန်းဆင်းပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေရာသီအားလပ်ရက်များအား အကျိုး ရှိရှိ အသုံးချပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကျောင်းသားလူငယ်များ တန်ဖိုးထား၍ ရေရှည် တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် မိမိတို့သင်ကြားခဲ့ရသည့် အတီးဘာသာရပ်အလိုက် ကျွမ်းကျင် ပိုင်နိုင်စွာ တက်မြောက်စေရေး ဆက်လက်ကြိုးစားလေ့လာသင်ယူသွားကြစေလိုကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးခင်မောင်တင့်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် (၄၇)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပဲခူး အောက်တိုဘာ ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆…
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၁၆ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိ…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ
ပဲခူး အောက်တိုဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုန…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တေ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂…
နောက်ဆုံးရသတင်းများ
ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး အလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာကြား
ပဲခူး ဇွန် ၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန်လ ၁ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်များအလိုက် အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံမှု ရာခိုင်းနှုန်းတိုးတက် မြင့်မားစေရေး သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှု အခြေအနေများ တင်ပြရန်နှင့် လိုအပ်ချက်များရှိပါက ချက်ခြင်းဖြေရှင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကျောင်း အပ်နှံမှု၊ ကျောင်းတက်ရောက်နေမှုနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ကြားနေမှု အခြေအနေများကို လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက စာသင်ကျောင်းများအလိုက် ကျောင်းအပ်နှံမှု တိုးတက်မြင့်မားလာစေရေး …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ် သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ်သုံးပုံ အဋ္ဌကထာကွန်ပျူတာစာမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အခမ်းအနား အား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ သာသနာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် ၎င်းတို့ဇနီးများ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သာသနာ ရေးဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှု ပြုလုပ်ပေး
ပဲခူး မေ ၃၁ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပြုလုပ် ပေးနေမှုအား မေလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်တို့နှင့်အတူ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ခွဲစိတ်ကုသမှုခံယူကြသည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရင်းရင်းနှီးနှီးလက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အာဟာရမုန့်နှင့် ကြက်ဥများ၊ ထောက်ပံ့ငွေများကိုပေးအပ်ကာ ခွဲစိတ်ကုသမှုပြုလုပ်ပေးသည့် ကျန်းမာရေးဝန်ထမ်းကို လည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို ခွဲစိတ်ကုသမှုများပြုလုပ်ပေးရာတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ …
Read More »ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သင်္ကန်းတော် ရွှေအစစ်ချ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာအောင်ပွဲ အခမ်းအနားကျင်းပ
ပဲခူး မေ ၃၁ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သင်္ကန်းတော် ရွှေအစစ်ချ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း မင်္ဂလာအောင်ပွဲအခမ်းအနားကို မေလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။ ရှေးဦးစွာ ဆရာတော်ကြီးများ ဦးဆောင်ကာ လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြပြီး ရန်ကုန်မြို့၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ ဆရာတော်ကြီး(၂)ပါးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က စက်ခလုပ်နှိပ်၍ ပူဇော်ဖွင့်လှစ်ပေးကာ ဆရာတော် သံဃာတော်များက ဇယမင်္ဂလာ အောင်ဂါထာတော်ကို (၃)ကြိမ်ရွတ်ဆို ပူဇော်ပြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကို ဆောင်ရွက် တော်မူကြသည်။ ယင်းနောက် ရေစက်ချအလှူမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website