ပဲခူး နိုဝင်ဘာ ၇ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၃)ကြိမ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နောက်ခံသမိုင်းကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ၏ အရေးပါရှိမှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကောင်းမွန်သောအစဉ်အလာများနှင့် နိုင်ငံဝန်ထမ်းကောင်းများအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင် ရေး အကျယ်တဝင့် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အမှုထမ်း၊ အရာထမ်း စုစုပေါင်း(၂၃၆)ဦးအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာသီရိပရိယတ္ထိစာသင်တိုက် သို့ သွားရောက်ပြီး ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ အမှူးပြုသော …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် ထုတ်လုပ် မှု နည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၁၃ ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ၌ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၁၁ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပြည် ဇန်နဝါရီ ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက…
ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခု…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ကဝ ဒီဇင်ဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖ…
ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ ညပိုင်းအချိန်က (၇၈)န…
ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀)…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယ နေ့ည)ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္…
နောက်ဆုံးရသတင်းများ
ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၅ =========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀) နာရီအချိန်က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုသည် (၂) ရာခိုင်နှုန်းအောက် ကျဆင်းသွားပြီဖြစ်သော်လည်း ပေါ့ဆ၍မရဘဲ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့်မြို့ပြ ကွာဟမှုလျော့ချနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားရမှာဖြစ် ကြောင်း၊ ဘတ်ဂျက်နှစ်အလိုက် ခွင့်ပြုပေးထားသည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး သည်လည်းအလွန်အရေးပါကြောင်း၊ တောင်သူအတွက် အမှန်တကယ်အကျိုးရှိသည့် လျှပ်စစ်မြစ် ရေတင်လုပ်ငန်းများကို ဆိုလာစနစ်ဖြင့် ရေတင်ခြင်းလုပ်ငန်း စတင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျန်ရေရရှိနိုင်သော နေရာများကိုလည်း ဆိုလာစနစ် ပြောင်းလဲတပ်ဆင်ပေးမည်ဖြစ်ကြောင်း၊ ယခင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ …
Read More »ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၃ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၃) ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား ဖော်ထုတ်၍ စိုက်ပျိုးမြေအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး ထုတ်ကုန်များ ပိုမိုတိုးတက်လာနိုင် မည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့် ခွင့်ပြုချထားပေးရာတွင် ဒေသခံပြည်သူ၊ စိုက်ပျိုးမြေမရှိသူနှင့် မိရိုးဖလာ ဓါးမဦးချ လုပ်ကိုင်နေသူများကို ဦးစားပေးခွင့်ပြုချထားပေးသွားရမှာဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် လျှောက်ထားမှုသာမက မွေးမြူရေးလုပ်ငန်း …
Read More »တိုင်းဒေသကြီးအဆင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁) ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာသည့်အပြင် ပွင့်လင်းရာသီလည်း ရောက်ရှိလာပြီဖြစ်၍ တိုင်းအတွင်း ယခင်ကထက် ခရီးသွားများ ပိုမိုလာရောက်ကြမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုး တက်လာနိုင်ပြီဖြစ်သဖြင့် တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ် တည်းခိုနိုင်ရေးအတွက် ခရီးသွားလုပ်ငန်း နှင့် သက်ဆိုင်သော လုပ်ငန်းကဏ္ဍ အသီးသီးတွင် ကျန်းမာရေးနှင့်ပတ်သက်၍ လုံခြုံစိတ်ချမှုရှိစေဖို့ ကြိုတင်ပြင်ဆင်ပေးထားရန်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ခရီးစဉ်ဒေသတစ်ခုတည်းမှာ …
Read More »ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၃၁ ================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၃၁) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွါးမှုနှင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ထောက်ပံ့ပေးခဲ့သည့် Oxygen Plant များနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၏ စာရင်းဇယားများအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့လည်းကောင်း၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website