နောက်ဆုံးရသတင်းများ

၂၀၁၈ခုနှစ် လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့်အတူ Exercise is medicine(myanmar fitness dance) ကကွက်များစုပေါင်းလုပ်ဆောင်

ဒီဇင်ဘာ ၁၅ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့၌ ၂၀၁၈ခုနှစ် လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ နှင့်Exercise is medicine( myanmar fitness dance )ကကွက်များ စုပေါင်းကပြ လုပ်ဆောင်ကြသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ဝန်ကြီးများ၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ အစိုးရအဖွဲ့ အတွင်းရေးမှုးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ပဲခူးတက္ကသိုလ်မှ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ စက်ရုံ/အလုပ်ရုံလုပ်သားများ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား(၅၇၈၄၂)ဦးကျော်တက်ရောက်ပြီး ဝန်ကြီးချုပ်မှ သေနတ်ပစ်ဖေါက်ကာ ရွှေမော်ဓော်ဘုရားလမ်း၊ ရှင်စောပုလမ်းနှင့် သနပ်ပင်လမ်းများသို့ လမ်းလျှောက်ကြသည်။ ထို့နောက် ဟံသာဝတီယူနိုက်တက် ဘောလုံအားကစားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)(၂)တို့ကိုလည်းကောင်း၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်ပါ ကျန်းမာရေးလေ့ကျင့်ခန်းExercise …

Read More »

(၈၀)ကြိမ်မြောက် ဝိနယတံခွန်ပရိယတ္တိအခြေပြုစာမေးပွဲကျင်းပ

ဒီဇင်ဘာ ၁၄ (ပဲခူး) ================= ပဲခူးမြို့၊ ဝိနယတံခွန်ပရိယတ္တိပူဇာ နုဂ္ဂဟအသင်းမှ ကြီးမှုး၍ ဒီဇင်ဘာလ(၁၄)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးခရိုင်(၈)မြို့နယ်လုံးဆိုင်ရာ (၈၀)ကြိမ်မြောက် ဝိနယတံခွန်ပရိယတ္တိ အခြေပြုစာမေးပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါစာမေးပွဲအား ဒီဇင်ဘာလ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီအချိန်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် သာမဏေရသီလသိက္ခာ(အငယ်/အကြီး)တန်း၌ စာဖြေသံဃာ(၁၅၁၄)ပါးတို့ကလည်းကောင်း၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ပါတိမောက္ခသီလသိက္ခာတန်း၌ စာဖြေသံဃာ(၃၉၈)ပါးတို့ကလည်းကောင်း ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။ စာမေးပွဲဖြေဆိုရက်(၂)ရက်လုံးတွင် ဝင်ရောက်ဖြေဆိုကြသော သံဃာတော်အရှင်သူမြတ်များနှင့် နာယကဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး ဒေါ်စန်းစန်းမော်မိသားစုတို့က ဖျော်ရည် အအေးဒါနဆက်ကပ်လှူ ဒါန်းပြီး နာယကဆရာတော်ကြီးများနှင့် ကြီးကြပ်ဆရာတော်ကြီးများအတွက် နဝကမ္မဝတ္ထုအလှူ ငွေများကိုလည်းဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။ ၂၀၁၇ခုနှစ် (၇၉)ကြိမ်မြောက် ဝိနယတံခွန်ပရိယတ္တိအခြေပြုစာမေးပွဲတွင် ပါတိမောက္ခသီလသိက္ခာတန်းတွင် (၃၀၅)ပါးဖြေဆိုပြီး(၉၄)ပါးအောင်မြင်ကာ သာမဏေရသီလသိက္ခာ (အငယ်တန်းနှင့်အကြီးတန်း)တွင် (၁၀၅၀)ပါးဖြေဆိုပြီး (၄၆၆)ပါး အောင်မြင်ခဲ့ကြောင်း သိရသည်

Read More »

ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်ထုတော်ဖွင့်လှစ်

ဒီဇင်ဘာ ၁၄ (ပဲခူး) ==================== ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း၌ ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က “သီရိတြိဘဝနာ ဒိတျာပဝရပဏ္ဍိတ သုဓမ္မရာဇာမဟာဓိပတိ” “သီရိပဝရမဟာဓမ္မရာဇာဓိရာဇာ” ဘွဲ့တံဆိပ်တော်ရ ဟံသာဝတီဆင်ဖြူ များရှင် ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်ထုတော်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာသိန်းလွင်တို့က ဘုရင့်နောင်မင်းတရားကြီး၏ရုပ်ထုအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ အဆိုပါ ဘုရင့်နောင်မင်းတရားကြီး၏ရုပ်ထုအား စကျင်ကျောက်ဖြင့်ထုဆစ်ပုံဖော်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၁၀)သိန်း၊ CHOKCHAI agricultural machinery Co,Ltdမှ ငွေကျပ်(၃၅)သိန်း စုစုပေါင်း(၄၅)သိန်းအကုန်ကျခံကာ ရုပ်ထုအမြင့်(၆)ပေ(၂)လက်မ၊ ခုံတုံးအမြင့်(၉)ပေရှိသောရုပ်ထုဖြစ်သည်။ ရုပ်ထု၏အောက်ခံခုံတုံးမျက်နှာစာတွင် “သီရိတြိဘဝနာ ဒိတျာပဝရပဏ္ဍိတ သုဓမ္မရာဇာမဟာဓိပတိ” “သီရိပဝရမဟာဓမ္မရာဇာဓိရာဇာ” ဘွဲ့တံဆိပ်တော်ရ ဟံသာဝတီဆင်ဖြူ များရှင် ဘုရင့်နောင်မင်းတရားကြီး (အေဒီ ၁၅၅၁-၁၅၈၁)ဟူ၍လည်းကောင်း၊ အရပ်(၁၀)မျက်နှာအောင်နိုင်သူ ခေါင်းစဉ်ဖြင့် ဘုရင့်နောင်မင်းတရားကြီး၏ သမိုင်းကြောင်းများကို ကမ္ဗည်းကျောက်စာတွင်ရေးထိုးထားရှိသည်။ ကမ္ဘောဇသာဒီနန်းတော်အတွင်း၌ ဟံသာဝတီရှင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရုပ်ထု၊ …

Read More »

ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အကြိုလှုပ်ရှားမှု “နှလုံးသားထဲကပုဂံ”ဓာတ်ပုံပြပွဲ ပဲခူးမြို့တွင်ကျင်းပပြုလုပ်

ဒီဇင်ဘာ ၁၄ (ပဲခူး) ==================== ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အကြိုလှုပ်ရှားမှုအဖြစ် “နှလုံးသားထဲကပုဂံ”ဓာတ်ပုံပြပွဲကို ဒီဇင်ဘာလ(၁၄)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာသိန်းလွင်က ဓာတ်ပုံပြပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ လူမှုရေးဝန်ကြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် ဓာတ်ပုံပြပွဲတာဝန်ခံဓာတ်ပုံပညာရှင်တို့ကမန်မာ့အမွေအနှစ်ပုဂံမှ ကမ္ဘာ့အမွေအနှစ်ပုဂံသို့ တက်လှမ်းရန်ကြိုးပမ်းအားထုတ်သော WORLD HERITAGE BAGAN 2019 အားကြိုဆိုသောအထိမ်းအမှတ်အဖြစ် နှလုံးသားထဲကပုဂံဓာတ်ပုံပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အကြိုလှုပ်ရှားမှု “နှလုံးသားထဲကပုဂံ”ဓာတ်ပုံပြပွဲတွင်ပြသထားသော ဓာတ်ပုံများအား လှည့်လည်ကြည့်ရှု့ အားပေးခဲ့ကြသည်။ ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အကြိုလှုပ်ရှားမှု “နှလုံးသားထဲကပုဂံ”ပထမအကြိမ်ဓာတ်ပုံပြပွဲအား ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ၂၀၁၈ခုနှစ် မတ်လ(၂)ရက်နေ့မှ (၄)ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်ပြပွဲအား အမျိုးသားပြတိုက်(ရန်ကုန်)တွင် မေလ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိလည်းကောင်း၊ တတိယအကြိမ်ပြပွဲကို မန္တလေးမြို့တွင် သြဂုတ်လ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိလည်းကောင်း၊ စတုတ္ထအကြိမ်ပြပွဲကို …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအခြေအနေ

ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအခြေအနေ

Read More »