နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဖေဖော်ဝါရီ ၁၉ ရက်(နေပြည်တော်) ====================================== မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာမြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသိန်းဆွေ၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များဖြစ်ကြသော ဒေါက်တာခက်အောင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမြင့်နိုင်၊ ဒေါက်တာ ဒေါ်လဲ့လဲ့မော်၊ ဦးဝင်းသိန်း၊ ဒေါက်တာအောင်မိုးညို၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဦးညီပု၊ ဦးဖြိုးမင်းသိန်း၊ …

Read More »

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ချောင်းကူးတံတားတည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ်

FI

ဖေဖော်ဝါရီ ၁၉ (ပဲခူး) ==================== ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ ညနေ(၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြောင့် ပျက်စီးသွားသော ချောင်းကူတံတားတည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ် ပြုလုပ်သည်။ ရှေးဦးစွာ သနပ်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော သစ်သားတံတား(၂)စင်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသော ငွေကျပ်(၂၀၃.၉၁၈)သိန်းအား ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က ပေးအပ်ရာ၊ ပဲခူးတိုင်းဒေသကြီးသယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် သနပ်ပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်တို့က လက်ခံရယူခဲ့သည်။ အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာအဝင် စစ်တောင်းမြစ်လက်တက်ချောင်းအား ဖြတ်သန်းတည်ဆောက်ထားသော တံတားဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့၌ စစ်တောင်းမြစ်ဒီလှိုင်း ရိုက်ခတ်မှုကြောင့် စက်လှေမျှောပါလာပြီး တံတား(၂)စင်းအား အရှိန်ဖြင့်ရိုက်ခတ်ခဲ့ရာ ပျက်စီးသွားခဲ့သည်။ …

Read More »

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်လှစ်

FI

ဖေဖော်ဝါရီ ၁၉ (ပဲခူး) ================================== ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်စေရန်အတွက် ဖေဖော်ဝါရီလ(၁၉)ရက်နေ့  မွန်းလွဲ(၂)နာရီအချိန်က မဲခုန်ကျေးရွာအုပ်စု၊ မဲခုန်ကျေးရွာ အနုပညာကျေးရွာခြံတွင် ပန်းရံ၊ လက်သမားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်းတို့က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးသည့် စာတွေ့လက်တွေ့ သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သား သင်ယူသွားကြရန်၊ သင်ခန်းစာများကို အခြေခံပြီး ပညာပိုမိုပြည့်ဝအောင် နည်းပညာပိုင်း တိုးတက်အောင် တီထွင်ကြိုးစားကြရန် ပြောကြားပြီး ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ မိသားစုဝင်ငွေရရှိရေးအတွက် ကိုယ်ပိုင်အရည်အချင်းနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ်တွင် ပဲခူးမြို့နယ်အတွင်းရှိ …

Read More »

ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီး လွှတ်​​တော်​နဝမပုံမှန်​အစည်း​အ​ဝေး (စတုတ္ထ​နေ့)ကျင်းပပြုလုပ်

FI

ပဲခူး ဖေဖော်ဝါရီ ၁၉ ==================================== ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ(၇၅)ဦးရှိပြီး (၆၇)ဦးတက်ရောက်ကာ အစည်းအဝေးသို့ မတက်ရောက်နိုင်သူများကို ခွင့်ပန်ကြားကာ လွှတ်တော်မှ အတည်ပြုချက်ရယူသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း(၁၀)ခုအားမေးမြန်းရာ သက်ဆိုင်ရာ အစိုးရအဖွဲ့၀င်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှပြန်လည်ဖြေကြားကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတိုးနှင့်ပက်သက်၍ ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမျိုးခိုင် ကဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလည်းကောင်း၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရေးရာကော်မတီ အတွင်းရေးမှူး ဦးသူရဇော် ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလည်းကောင်း၊ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ …

Read More »

ဒုတိယသမ္မတ ဦးမြင့်ဆွေ ခပေါင်းရေလွဲဆည်၊ ရေလှောင်တမံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ပဲခူးရိုးမ စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

FI

ဖေဖော်ဝါရီ ၁၇ (အုတ်တွင်း) ==================================== ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ခပေါင်းရေလွဲဆည်၊ ခပေါင်းရေ လှောင်တမံ၊ ခပေါင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပဲခူးရိုးမစိမ်းလန်း စိုပြေရေးဆောင် ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဒုတိယသမ္မတဦးမြင့်ဆွေသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် တာဝန်ရှိသူများ နှင့်အတူ နံနက် ၇နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ ခပေါင်းရေလွဲ ဆည်သို့ရောက်ရှိပြီး ရေလွဲဆည်မှ မြောင်းမကြီးများအတွင်းသို့ စိုက်ပျိုး ရေပို့လွှတ်နေမှုများကို ကြည့်ရှုသည်။ ထို့နောက် ဒုတိယသမ္မတသည် ခပေါင်းရေလှောင်တမံသို့ရောက်ရှိရာ ရှင်းလင်း ဆောင်ရှုရပ်မှ ရေလှောင်တမံအတွင်း ရေသိုလှောင်မှုအခြေအနေများကို ကြည့်ရှုသည်။ ယင်းနောက် ဒုတိယသမ္မတအား ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ခပေါင်းရေလှောင်တမံ၏ ရေသိုလှောင်မှု၊ မိုးရေချိန်နှင့်ရေဝင်ရောက်မှု၊ စိုက်ပျိုးရေပေးဝေနိုင်မှု၊ တမံတည်နေရာ၊ တမံအမျိုးအစား၊ ရေပိုလွဲနှင့် ရေလွှဲဆည်တည်ဆောက်ထားရှိမှု၊ …

Read More »