ပဲခူး နိုဝင်ဘာ ၁၃ ============== ပြည်မြို့၊ ခေတ္တရာရတနာမြို့တော်ခန်းမတွင် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတို့၏ ကြိုးစားအားထုတ်မှု၊ ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုတို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၂)%အောက် ကျဆင်းရခြင်းဖြစ်၍ ယခုလို ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများတို့၏ အစီအစဉ်ဖြင့် အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများနှင့် …
Read More »တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲသို့တက်ရောက် ဖွင့်လှစ်
ပဲခူး မတ် ၉ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံလေလုံအားကစားခန်းမ၌ မတ်လ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး မတ် ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ ၄ ရက်နေ့၊ န…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ တွေ့ဆုံအားပေးစကားပြောကြား
ပြည် နိုဝင်ဘာ ၁၂ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ ပညာရေး ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ပြည်ပညာရေး ဒီဂရီကောလိပ်၊ ခေတ္တရာခန်းမသို့ သွားရောက်၍ မွမ်းမံသင်တန်း တက်ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး သင်တန်းတက် ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမ(၁၀၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၁၄၀၀၀၀)၊ သဘက်အကြီး(၁၀၇)ထည်၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ပညာရေးဒီဂရီကောလိပ်အတွက် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ ခေတ္တရာခန်းမ ဥပဓိရုပ် ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး သရုပ်ပြ၊ နည်းပြ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာများ အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး နိုဝင်ဘာ ၁၁ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၁)ရက်နေ့က ပဲခူးမြို့အတွင်း အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာများ အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးလမ်းဘေးရှိ ရှေးဟောင်း သမိုင်းဝင်ဟံသာဝတီကျုံးပတ်လမ်း ပြန်လည်အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆောက်မည့် လုပ်ငန်းကဏ္ဍတစ်ခုချင်းစီတိုင်း၌ ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်း၏တန်ဖိုး ထိခိုက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန်၊ အလှပန်းပင်များ၊ မြတ်ခင်းများ၊ လမ်းမီး တိုင်များ၊ ထိုင်ခုံများ၊ ပန်းတင်ခုံများနှင့် လျှောက်လမ်းများစသည်တို့ကို သတ်မှတ်ထားသည့် Landscaping Design များအတိုင်း စနစ်တကျရှိစေရေး၊ ကျုံးအတွင်း ရေပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၀ ============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၁၀)ရက်နေ့ ညနေ(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း(Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ အတွင်း စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး …
Read More »လစ်လပ်ဝန်ထမ်း လျှောက်လွှာခေါ်ယူခြင်း
နိုဝင်ဘာ ၉ (ပဲခူး) =================== ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းလစ်လပ် နေရာ(၃၁)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း အား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်————– အပြည့်အစုံကြည့်ရှုရန်——————–
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website