ပဲခူး မေ ၆ =============== ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ မေလ(၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတက္ကသိုလ် နည်းပြသရုပ်ပြ ဆရာ၊ဆရာမအသစ်များအား ကြိုဆိုပွဲအခမ်း အနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆရာ/ ဆရာမများသည် နောင်တစ်ချိန် တိုင်းပြည်ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာ စေဖို့ ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြရမည့်သူများဖြစ်ကြောင်း၊ ကျောင်းသား / သူများအပေါ် စေတနာ၊ ဝါသနာ၊ ကရုဏာ၊ နည်းနာ၊ စံနမူနာပြ ဆရာ/ ဆရာမများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမ များ အနေဖြင့် နိုင်ငံကို အကျိုးပြုနိုင်သည့် သုတေသနလုပ်ငန်းများကိုလည်း တစ်ဖက်က တစိုက်မတ်မတ် ရှာဖွေဖော်ထုတ် ကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအောက်တွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း(၈၄)ခု အထိ ရှိလာသည့်အတွက် အဆင့်မြင့်ပညာအနေဖြင့် ပညာရေးလွှမ်းခြုံမှုဟာ အားရစရာကောင်းတယ်လို့ ဆိုရမှာဖြစ်ကြောင်း၊ တက္ကသိုလ်/ ကောလိပ်များရှိ ဆရာ/ဆရာမများသည် …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်း…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
ပဲခူး အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ…
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်က…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
ပဲခူး မေ ၅ =============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းအား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၂ခုနှစ်၊ စွမ်းရည်သတ္တိဆိုင်ရာ ရဲဗလဆုတံဆိပ်ရရှိခဲ့သူ၊ တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် စံပြ မီးသတ်စခန်းဆုရရှိသည့် ကဝမြို့နယ်မီးသတ်စခန်းတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ဗဟိုအဆင့် အမြန်လမ်း စံပြမီးသတ်စခန်း ဒုတိယဆုနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူတို့အား ဂုဏ်ပြုလက်မှတ် နှင့်ဆု များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေမှ လုပ်သက်(၂၅) နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၂၀၂၁ခုနှစ် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ညောင်လေးပင် မေ ၃ ================= တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ မေလ(၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ညောင်လေးပင်မြို့အား ခရိုင်မြို့အဖြစ် အဆင့်မြှင့်ထုတ်ပြန်ခဲ့ပြီးဖြစ်၍ ခရိုင်မြို့စံချိန်စံညွှန်းနှင့်အညီ လိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည်တို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လိုအပ်ချက်များရှိပါက တင်ပြပေးရန် လိုအပ်ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအား သမားရိုးကျ မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးမွေးမြူခြင်းမျိုးမဟုတ်ဘဲ ခေတ်မီသိပ္ပံနည်းကျ …
Read More »မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
ပဲခူး မေ ၂ ===================== ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ မေလ(၂)ရက်နေ့၊ နံနက် ပိုင်းက မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၁)နှစ်တာ ကာလ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ခြင်းအတွက် ဆရာ/ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း၊ ပညာသင်နှစ်တစ် လျှောက်လုံး ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် အခြားအခက်အခဲများ ကြားမှ သင်ကြားသင်ယူမှုလုပ်ငန်းများ၊ စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက် အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ၏ စွမ်းဆောင်ရည်ကြောင့်ပင်ဖြစ်၍ (၉-၄-၂၀၂၂)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆရာ/ဆရာမ များရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ဖော်ပြခဲ့ပြီးလည်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သော လူစွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးမည့် ပညာရေးသည် …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့စာဖြေဌာနတွင် ၂၀၂၂ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြသည့် သံဃာများနှင့် သီလရှင်များ၊ ကြီးကြပ်ဆရာတော်များအား ဖူးမြှော်ကြည်ညိုပြီး အအေးဗူးများ ဆက်ကပ်လှူဒါန်း
ပဲခူး ဧပြီ ၃၀ =============== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ကျောက်ပံတောင်းဓမ္မာရုံတို့တွင် ဧပြီလ(၃၀)ရက်နေ့မှ မေလ(၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား သွားရောက်ကြည်ညို ကန်တော့ပြီး အအေးဗူးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ၊ သာသနာရေးဦးစီး ဌာနက နှစ်စဉ်ကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ပဲခူးမြို့ သာသနာ့ဗိမာန်နှင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ကျောက်ပံတောင်းဓမ္မာရုံတို့တွင် ဖြေဆိုရန်အတွက် ဓမ္မာစရိယတန်း၌ ပါရာဇိကဏ်ကျမ်း(၅၆၈)ပါး၊ သီလက္ခန်ကျမ်း(၄၄၄)ပါး၊ ဓမ္မသင်္ဂဏီကျမ်း(၄၁၅)ပါး၊ မြန်မာစာဂုဏ်ထူး (၈၇)ပါး၊ ပါဠိဂုဏ်ထူး(၁၅)ပါး၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website