ပဲခူး မေ ၂၅ =================== ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေလ(၂၅) ရက်နေ့၊ နံနက်(၉:၃၀) အချိန်က ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အကြိမ်(၇၀)မြောက် ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပပြလုပ်ရာ ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၊ ပဲခူးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများက ရွှေမော်ဓော စေတီတော်မြတ်ကြီး မြောက်ဘက်မုခ် ကျောက်ပန်းတောင်းဓမ္မာရုံမှ စတင်ထွက်ခွာခဲ့ပြီး ရင်ပြင်တော်အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းကာ မေတ္တာသုတ်များ ရွတ်ဖတ်ပူဇော်ကန့်တော့ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီး(အရှေ့) ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်း တက်ရောက်ကြည်ညို
ပဲခူး ဒီဇင်ဘာ ၁၅ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက …
ဒီဇင်ဘာအားကစားလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပါဝင်ဆင်နွှဲ
ပဲခူး ဒီဇင်ဘာ ၁၃ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဒီဇင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်း…
ပဲခူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး ဒီဇင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီ…
ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ ပါဝင်ဆင်နွှဲ
ပဲခူး ဒီဇင်ဘာ ၆ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားက…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရိုဘတ်စတာကော်ဖီနှင့် ဝဥ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိ
ပဲခူး ဒီဇင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်…
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျာင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နှစ်(၁၀၀)ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်၊ (၃၆)ကြိမ်မြောက် ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၃ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျာင်းဗုဒ္ဓရုပ်ပွားတေ…
ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ ၂၀…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၌ အခြေခံစားသုံးကုန် နှင့် အသား/ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး
ပဲခူး ဒီဇင်ဘာ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာမျ…
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂)ရ…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး အနေကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး မေ ၂၅ ————————– ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ့၊ မေလ(၂၅) ရက်နေ့ နံနက်ပိုင်းအချိန်က အနေကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နံနက်(၅)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်အာရုံခံ တန်ဆောင်း၌ ဆွမ်းတော်ကြီးတင် ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များက အာရုံခံတန်ဆောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီးဝလံများနှင့် ပန်း၊ ဆီမီးအမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။ ထို့နောက် နံနက်(၅:၃၀)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အနေကဇာတင် အခမ်းအနား ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား “ဇယန္တော ဗောဓိယမူလေ” စသည့်ဗုဒ္ဓါဘိသေကဂါထာတော်များ ရွတ်ဖတ်ပူဇော်၍ အနေကဇာ တင်ကြပြီး ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦး ဝေါမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဝေါ မေ ၂၂ ======================= ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် မေလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ်အတွင်းဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် ဝေါမြို့နယ် ဖိုးဦးစိန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါရှိ ဦးစီးပဓာနနာယက ဘဒ္ဒန္တစန္ဒိမာမဟာထေရ် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြှော်ကန်တော့ခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့သည် ဖိုးဦးစိန်ရွာဦးဘုန်းတော်ကြီး၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ၊ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်သွားမည့် Road Map(၅)ချက်ကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများက လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းများကိုလည်းကောင်း အသိပေး ပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ကျေးလက်လမ်း အဆင့်မြှင့်တင်ပေးရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပဲခူးမြို့တွင်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
ပဲခူး မေ ၂၁ ======================= ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီတို့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မေလ(၂၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ၂၀၂၁ ခုနှစ် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစား သင်တန်းသား/သူများတက်ရောက်ကြသည်။ ရှေးဦးစွာ သင်တန်းသား/သူအားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ရွတ်ဆိုခြင်း၊ သရုပ်ပြအဖွဲ့များက ကရာတေးဒို၊ Fitness Dance ၊ မြန်မာ့သိုင်းစသည့် အားကစားနည်းများဖြင့် သရုပ်ပြသခြင်းများပြုလုပ်ကြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ စနစ်ကျသော စက်မှုဇုန်များ ဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ပဲခူး မေ ၁၈ ======================= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေလ(၁၈) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က စနစ်ကျသော စက်မှုဇုန်များဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယာဉ်ကြောပိတ်ဆို့မှုမရှိခြင်း၊ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ လမ်းကြောင်းကောင်းမွန်ခြင်း၊ မြေနေရာများ ပေါများခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အား စက်မှုဇုန်ဥပဒေနှင့်အညီ အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဇုန်များကြီးကြပ်ရေး ကော်မတီအနေဖြင့် မူဝါဒများချမှတ်၍ လမ်းညွှန်ပေးရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း သတိထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု၌ စက်မှုဇုန်များ စနစ်တကျဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သာယာဝတီမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်လျက် ရှိပြီး အနာဂတ်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ နိုင်သည်ဖြစ်၍ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website