ပဲခူး မတ် ၂၈ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် သုံးသပ်ဆွေးနွေးခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁)၊ ဗိုလ်မှူးကြီးလှမျိုးရွှေ က COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများ ပြန်လည်နလန်ထူ လာနိုင်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသော မြန်မာ့စီးပွားရေး အဆောက်အအုံကို အထောက်အကူပြုနိုင်သည့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ စေရေးစီမံချက်(မူကြမ်း)ပေါ် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြုံပြုသုံးသပ်တင်ပြပေးရန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အတွင်းရေးမှူး ဦးစိုးသိန်းက ပြောင်းလဲနေသော ကမ္ဘာ့အခြေအနေ၊ နိုင်ငံ့အခြေအနေတို့ကို ထည့်သွင်းစဉ်းစားလျက် ကာလတိုကာလအတွင်း စီးပွားရေးနှင့် သက်ဆိုင် သည့် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
ပဲခူး ဧပြီ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင…
အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့တွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၂၇ ———————————– ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ၁၃၈၂ ခု၊ တပေါင်းလပြည့်၊ မတ်လ (၂၇)ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးပြီး တိုင်းဒေသကြီးအတွင်းမှ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ဆရာတော်များနှင့် သီလရှင်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေး အပ်ခြင်း အခမ်းအနားကို ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်များ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး သံဃနာယအဖွဲ့ ဆရာတော်ကြီးများ၊ ဘွဲ့ရဆရာတော်များနှင့် သီလရှင်များ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး
ပဲခူး မတ် ၂၄ ================= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မတ်လ(၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံ လူဦးရေ(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေတောင်သူများဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှသာ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products)အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းရှင်များအနေဖြင့် ကြိုးစားဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ တင်ပြပေးရန် ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်(၃) ဦးတင်သိန်းနှင့် အတွင်းရေးမှူး ဦးစိုးသိန်းတို့က ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မွေးမြူရေး လုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်းကျောင်းအုပ်(မူ/အုပ်)များ စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၂၄ ================= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်း ကျောင်းအုပ်များ (မူ/အုပ်) စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဆန်းအောင်က အခြေခံပညာ ကျောင်းများရှိ ဆရာ/ဆရာမများ စွမ်းရည်မြှင့်မွန်းမံသင်တန်း ဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အခြေခံပညာမူလတန်းကျောင်းအုပ်များ(မူ/အုပ်) စွမ်းရည်မြှင့် မွန်းမံသင်တန်းသို့ တက်ရောက်နေ သည့် ဆရာကြီး/ဆရာမကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းတက်ရောက် နေသည့် ဆရာကြီး/ဆရာမကြီးများအား အမှတ်တရ မှတ်စုစာအုပ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ်ဆေးရုံတည်ဆောက်နေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး မတ် ၂၄ ================= ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ် ဆေးရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ်ဆေးရုံ တည်ဆောက်ရေးရှင်းလင်းဆောင်၌ ပဲခူးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ရန်နိုင်မောင်က (၆)ထပ်ဆေးရုံ တည်ဆောက်နေမှု၊ တည်ဆောက်ပြီးစီးပါက ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ အရိုးဆေးကုဌာန၊ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း ဆေးကုဌာနများ ထားရှိသွားမည့် အခြေအနေများကိုလည်းကောင်း၊ (၆)ထပ်ဆေးရုံ တည်ဆောက်ရေး တာဝန်ခံမှ ဆေးရုံတည်ဆောက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် တည်ဆောက်ရေးလုပ်ငန်းများ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website