နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ် ဦးဝင်းသိန်း နတ်တလင်းမြို့နယ်၊ တောင်ညိုရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

FI

ဖေဖော်ဝါရီ ၇ (နတ်တလင်း) ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဖေဖော်ဝါရီလ (၇)ရက်နေ့၊ ညနေ(၄:၃၀)အချိန်က နတ်တလင်းမြို့နယ်၊ တောင်ညိုရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တောင်ညိုရေလှောင်တမံ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တမံတာဝန်ရှိသူတို့က ရေလှောင်တမံ တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့်စီမံကိန်းအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခင်ခေတ်ကာလအခြေအနေအရ ဆည်/တမံများကို စိုက်ပျိုးရေးနှင့် ရေကြီးနစ်မြှုပ်မှု ကာကွယ်ရန်အတွက် တည်ဆောက်ခဲ့သော်လည်း ယနေ့အခါတွင် ဆည်/တမံများကို ခရီးသွားလုပ်ငန်းနှင့်လည်း တွဲဖက်အသုံးပြုလာကြပြီး သဘာဝခရီးသွားလုပ်ငန်းများတွင် တောတွင်းလမ်းများ၊ ဆည်တမံများစသည့် သဘာဝတော၊ တောင်၊ ရေမြေတို့ကို အမှီပြုပြီး တိုင်းပြည်ဝင်ငွေရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဘက်မှာလည်း ဒေသခံပြည်သူများအတွက် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခံစားနိုင်စေမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်/တမံများအား သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများအဖြစ် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း နတ်တလင်းမြို့နယ်၊ တောင်ညိုကျေးရွာ၌ ဒေသခံပြည်သူးများနှင့်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၇ (နတ်တလင်း) ====================== ဖေဖော်ဝါရီလ (၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နတ်တလင်းမြို့နယ်၊ တောင်ညိုကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခုလိုလူထုတွေ့ဆုံပွဲ လာရောက်ရခြင်းသည် ဒေသခံပြည်သူများအနေဖြင့် သစ်တောနှင့် မြေယာပြဿနာများ၊ ဆည်တမံဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် ဖြစ်ကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူလိုလားချက်များကို ဝန်ဆောင်မှုပေးရန်နှင့် တိုင်ပြည်၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများတွင် မရှိမဖြစ် လိုအပ်နေသော စာသင်ကျောင်း၊ ဆေးခန်း၊ လမ်း/ တံတား၊ လျှပ်စစ်မီး စသည်တို့ကို အတတ်နိုင်ဆုံး ဘတ်ဂျက်နှစ်အလိုက် လျာထားဆောင်ရွက်ပေးရန်နှင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန်ဖြစ်ကြောင်း၊ ပြည်သူများအကြား အဆင်မပြေမှုများ၊ အခက်အခဲများကို ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း ဖြေရှင်းတတ်သည့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ်၊ ညောင်ပင်ဘိုကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇီးကုန်း ဖေဖော်ဝါရီ ၇ =================== ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်(၉) နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကူဖြူကျေးရွာအုပ်စု၊ ညောင်ပင်ဘိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သယံဇာတ ပေါကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်ခဲ့သော်လည်း နိုင်ငံတကာနှင့်ယှဉ်လျှင် အဘက်ဘက်မှ နိမ့်ကျခဲ့ရခြင်းသည် နိုင်ငံသူ/သား အချင်းချင်း အတ္တကိုရှေ့တန်းတင်၍ လက်နက်ကိုင်စွဲ အာဏာစနစ်ဖြင့် အုပ်ချုပ်ခဲ့သော အုပ်ချုပ်ရေးစနစ် မှားယွင်းခဲ့ရာမှ ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့ရပြီး ငြိမ်းချမ်းရေးနှင့် အလှမ်းကွာဝေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ နောက်တစ်ချက်က ခေတ်နှင့်ဆီလျော်သော ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိခြင်းကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့အစိုးရအနေဖြင့် အစိုးရပိုင်းမှ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ လွှတ်တော်မှလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု၊ တရားရေးပိုင်းမှလည်း တရားဥပဒေစိုးမိုးနိုင်ရေး ပြစ်မှု၊ ပြစ်ဒဏ် မျှတမှုရှိစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေးကာလကို …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ်အတွင်း ဗိုလ်ချုပ်ကြေး ရုပ်အဆင့်မြှင့်တင်မှုနှင့် သံပရာကုန်တံတား မြေထိန်းပဲ့ကျမှုတို့ ကွင်းဆင်းကြည့်ရှု

FI

ဇီးကုန်း ဖေဖော်ဝါရီ ၇ =================== ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်(၈) နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် အဆင့်မြှင့်တင်မှုနှင့် သံပရာကုန်တံတား မြေထိန်းပဲ့ကျမှုတို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့ရပ်မိ/ရပ်ဖများက ဗိုလ်ချုပ်ကြေးရုပ် ပရဝုဏ်အား ဆေးများအဆင့်မြှင့်တင်ခြင်း၊ အများပြည်သူများအတွက် လေ့ကျင့်ရေး အားကစားပစ္စည်းများ ထားရှိပေးမည့် အစီအစဉ်များ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ဆေးသားများမြှင့်တင်ရာတွင် အကောင်းဆုံးဆေးသားများအသုံးပြုရန်၊ အများပြည်သူ ကျန်းမားရေးသုံး လေ့ကျင့်ခန်းအားကစားပစ္စည်းများကိုလည်း ထားရှိရာ၌ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက်တိုင်ပင်၍ ထားရှိပေးရန်၊ ဗိုလ်ချုပ်ကြေးရုပ်သည် မြို့ကျက်သရေဆောင်တစ်ခုထဲတွင် ပါဝင်သည်ဖြစ်ရာ သေချာစိစစ်ဆောင်ရွက်ရန် မှာကြားပေးသည်။ အဆိုပါ ဗိုလ်ချုပ်ကြေးရုပ် ပရဝုဏ်အဆင့်မြှင့်တင်မှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ကြောင်း သိရသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရတာဝန်ရှိသူများသည် ဇီးကုန်းမြို့ သံပရာကုန်အမှတ်(၂)ရပ်ကွက်၊ သံပရာကုန်တံတားသည်  မင်းဘူးချောင်းရေတိုက်စားမှုကြောင့် ပဲ့ကျနေမှုအား …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း မိုးညိုမြို့နယ်၊ လက်ပံခုန်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၆ (မိုးညို) ==================== ဖေဖော်ဝါရီလ(၆)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လက်ပံခုန်ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်တစ်ခုမှာ ပြည်တွင်းစစ်ဖြစ်နေသ၍ ငြိမ်းချမ်းရေးမရရှိနိုင်ဘဲ ဒေသဖွံ့ဖြိုးရေးများလည်း ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးမရရှိပါက တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ နှောင့်နှေးကြန့်ကြာနေဦး မည်ဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့အစိုးရလက်ထက်တွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဦးစာပေး ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် လူမျိုးဘာသာမရွေး တန်းတူညီမျှမှု ရရှိစေရန်၊ လူတစ်ဦးချင်းစီ တန်ဖိုးထားကာ ဥပဒေအရ အကာကွယ်ပေးသည့် ဒီမိုကရေစီစနစ် ထွန်းကားပြန့်ပွားလာရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ ပုံစံ(၇)နှင့် မြေယာဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ကျန်းမာရေးဆိုင်ရာ …

Read More »