ပဲခူး ဩဂုတ် ၂၂ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၊ မိုးလုံလေလုံအားကစားရုံ၌ ဩဂုတ်လ (၂၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသမီးအားကစားအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက အသင်းလိုက်(၉)ဦးပြိုင်ပွဲ၊ အသင်းလိုက်(၃)ဦးပြိုင်ပွဲနှင့် တစ်ဦးချင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမရရှိ သော ဇီးကုန်းမြို့နယ်၊ ဒုတိယရရှိသော ရွှေတောင်မြို့နယ်နှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပြည် ဇွန် ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး လွှတ်တော် ဥ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှု ပြုလုပ်ပေး
ပြည် ဇွန် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့၊ခုတင…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ဇွန် ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
မီးရထားလမ်း ဘက်စုံအဆင့်မြှင့်တင်နိုင်ရေးနှင့် အထူးအမြန်ရထားပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၇ မီးရထားလမ်း (သာယာဝတီ-ပြည်)လမ်းပိုင်း ဘက်စုံအဆင့်မြှင့်တင်နိုင်ရေးနှင့် အထူးအ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဝါးအခြေခံစက်မှု/လက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး
ပြည် ဇွန် ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီး များဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပြည် ဇွန် ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွ…
ပဲခူးတိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ပန်းတောင်း ဇွန် ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီ-ပြည် ရထားလမ်းတစ်လျှောက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
သာယာဝတီ ဇွန် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့…
ရက် ၁၀၀ စီမံချက်အဖြစ် ပဲခူးမြို့၌ Football For Schools Program Launching Ceremony အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇွန် ၁၂ ရက် ၁၀၀ စီမံချက်အဖြစ် ပဲခူးမြို့၌ Football For Schools Program Launching Cer…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တိုင်းဒေသကြီးဒူးရင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၂၁ ပဲခူးမြို့၊ သီရိဟံသာအစည်းအဝေးခန်း၌ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် ပါဝင်သည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကအခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဆိုသည့်အတိုင်း ပဲခူး တိုင်းဒေသကြီးအနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် မြန်မာ့ဒူးရင်းသီးနှံဝယ်လိုအားရှိသည့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ဈေးကွက်သေချာသည့် အရည်အသွေးကောင်း ဒူးရင်းသီးနှံများကို တိုးချဲ့စိုက်ပျိုးပြီး ဒူးရင်း …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၃)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဩဂုတ် ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၃)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအပေါ် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူ နေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုနှင့် ရေသန့်၊ ကော်ဖီနှင့် အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး …
Read More »ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ ပြုလုပ်
ပဲခူး ဩဂုတ် ၂၀ ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဩဂုတ်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ သရက်ကုန်းကျေးရွာမှ ကရင်တိုင်းရင်းသား/သူများက ဒုံးအကဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တို့က ကရင် တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားအား ဖားစည်(၉)ချက်တီး၍ ဖွင့်လှစ် ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ဓလေ့ထုံးတမ်းများ မတူညီကြသော်လည်း မိသားစုစိတ်ဓါတ်ဖြင့် ရှေးယခင်ကတည်းက အတူတကွ ချစ်ကြည်ရင်နှီးစွာ နေထိုင်လာခဲ့ကြကြောင်း၊ ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသည် ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ် အလာအရ ဝါခေါင်လရောက်သည့် အချိန်တွင် မိသားစုများ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စုရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးအေးစိုး၏ ငါးတန်ငါးမျိုး ကောင်ရေ(၂)သိန်းနှင့် ဥစားဘဲကောင်ရေ(၁၁၀၀) မွေးမြူထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကိုယ်တိုင် သားဖောက်မွေးမြူရန်၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများအခြေပြု၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အသားစားဘဲမွေးမြူရေးလုပ်ငန်းလည်း တိုးချဲ့ဆေင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပီထရိန်းအမျိုးအစား အသားတိုးဝက် ကောင်ရေ(၇၀)နှင့် DYL အမျိုးအသား မျိုးဝက်မ ကောင်ရေ(၂၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဇီဝလုံခြုံရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website