ပြည် မတ် ၂ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေဿကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း (အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့၊ အထွေထွေရောဂါကု တိုးချဲ့(၂)ထပ် အဆောက်အဦသစ် ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်၊ သတ်မှတ်အခန်းများအလိုက် လိုအပ်သည့် စက်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ အချိန်မီတပ်ဆင်သွားရန်နှင့် ဆေးရုံဝန်းအတွင်း မြေယာ ရှုခင်းများ လှပသေသပ်စေရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး ဘက်စုံမွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုခဲ့ရာ မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားလိုက်ခွဲခြားပြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒေသတွင်းအသား/ဥဖူလုံပိုလျှံစေရေးနှင့် ဈေးနှုန်း သက်သာစွာ ဝယ်ယူရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး ဒီဇင်ဘာ ၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၇)ရ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန် များ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်
ဝေါ ဒီဇင်ဘာ ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ် တိုးတက် ကောက်ခံရရှိရေးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရမည့် လုပ်ငန်းများမှ အခွန် တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက…
ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ အသား/ငါး/ဥ ဈေးနှုန်းသက်သာစွာ နေ့စဉ် ဝယ်ယူစားသုံးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက် အရောင်းဆိုင်များအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး နိုဝင်ဘာ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခ…
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအ…
ပဲခူးမြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(World AIDS Day)အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ကမ္ဘာ…
“မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနား ကျင်းပ
ပဲခူး နိုဝင်ဘာ ၃၀ “မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ (၁၂)ကြိမ်မြောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အခမ်းအနား ကျင်းပပြုလုပ်
ဝေါ နိုဝင်ဘာ ၂၉ ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စ…
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအဖွဲ့အား ငွေကျပ်(၂၆၈.၇၅၂)သန်း ထောက်ပံ့ပေးအပ်
ပဲခူး နိုဝင်ဘာ ၂၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
တောင်ငူ နိုဝင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပြည် မတ် ၁ ============= ဒေသကွဲကပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဧည့်ခန်းမနှင့် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးတို့၌ မတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်နှင့် ပြည်ခရိုင်တွင်းရှိ မြို့ပေါ်ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊လုံခြုံရေးကိစ္စရပ်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား နေ့ညမနား စွမ်းစွမ်းတမံဆောင်ရွက်နေမှုအပေါ် ပြန်လည်ကျေးဇူး တုံ့ပြန်သောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ် ၂၈ မြို့နယ်ရှိ မြို့ပေါ် ဈေးသူ/ဈေးသားများက အသင့်စား စားသောက်ဖွယ်ရာများ လှူဒါန်းရရှိမှုကို ယနေ့လာရောက်ပံ့ပိုး ထောက်ပံ့ပေးရခြင်းကြောင်း ဂုဏ်ပြုအမှာစကား …
Read More »ပဲခူးမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဖေဖော်ဝါရီ ၂၇ ================= ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စဉ်ဆက်မပြတ် ငါးရိက္ခာဖူလုံပိုလျှံနိုင်ရန်အတွက် အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းပညာတို့သည် အဓိကအရေး ကြီးသော လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်နှင့်ပတ်သက်၍ သိရှိနားလည်စေရန်နှင့် မျိုးငါးရွေးချယ်ခြင်း၊ ငါးမှုန်ငါးသန်ပြုစုခြင်း၊ ငါးများအစာကျွေးခြင်း၊ ငါးရောဂါနှင့် ရေအရည်အသွေးတိုင်းတာ ခြင်းများအပြင် အသားတိုးငါးမွေးမြူခြင်းစသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွား မှာဖြစ်ပြီး သင်ကြားရေးအတွက် ကျယ်ဝန်းသန့်ရှင်းပြီး သက်တောင့်သက်သာ သင်ကြားနိုင်ရေးအတွက် ရှင်းလင်းဆောင်ကိုလည်း တိုင်းဒေသကြီး အစီအစဉ်ဖြင့် တည်ဆောက်ပေးထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းခွင် အတွင်းမှ ထုတ်လုပ်ရရှိသည့် ငါးများကိုအခြေခံ၍ တန်မြှင့်ထုတ်ကုန်များဖြစ်လာစေရန် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဖေဖော်ဝါရီ ၂၆ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာ အုပ်စု၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၁၀၀) စုပေါင်းဓါတ်မြေဩဇာကြဲပက်ခြင်းနှင့် သမန်းနှိုးခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ကန်ရိုးကျေးရွာ၌ ဦးနိုင်နိုင်ကျော်၏ တန်ဖိုးနည်း ဒေသထွက်ကုန်ဖြစ်သော ရွဲယိုသီး၊ ပျဉ်းမရွက်၊ ပဲပိုးတီ၊ ဓနိဖူး၊ ရှဉ့်မတတ်၊ ချဉ်ပေါင်ဖာလာ၊ ကြက်ဆူရွက်၊ ကြောင်လျာသီးအစေ့၊ ပိန်းရိုး၊ ဝါးနှီး စသည့်တို့ကို အခြောက်ခံ၍ ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့နေသည့် အလုပ်ရုံနှင့် ကောင်းစစ်သွေး ငါးရှဉ့်ပွဲရုံများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း …
Read More »ပဲခူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၅ ============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ သည် ၁၉၅၉ ခုနှစ်ကတည်းက စတင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ခေတ်ကာအလအညီ ပြန်လည်ရေးဆွဲခဲ့ပြီး ယခု အချိန်မှသာ အာဏာတည်သက်ရောက်ခဲ့ရကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား ယခင်ကာလများတွင် ကျင့်သုံးခဲ့ခြင်းမရှိသော်လည်း ယခုအခါ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိတာနှင့်အညီ စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ရှေးယခင်ကာလကတည်းက …
Read More »