နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပြည် ဇန်နဝါရီ ၉           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း အနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ခေတ္တရာပန်းခြံ ဘက်စုံအဆင့်မြှင့်တင် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီအလိုက် ပန်းရောင်စုံဖူးပွင့်စေရေး၊ Landscaping design မြေယာအလှရှုခင်း စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သည် ဧရာဝတီမြစ် River View အဆင့်မြင့် Coffee Shop များ တည်ဆောက်ထားရှိမှုနှင့် ကမ်းနားလမ်း အဆင့်မြှင့်တင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။              ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကမ်းနားလမ်းအား ဖြတ်သန်း …

Read More »

ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၇           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေး စုံညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလျန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက”စုံညီပွဲတော် ဒို့နွဲပျော်” တေးသီချင်း ဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတစ်ခု ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်ဖို့ ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပြီး ကျောင်းသား/သူများကို တီထွင်ဖန်တီးတတ်သူများ၊ တာဝန်ယူ တာဝန်ခံတတ်သူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ ပြည်သူ့နီတိကို နားလည်ပြီး ဘဝတွင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကဝ ဒီဇင်ဘာ ၆           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်း မိုင်တိုင်အမှတ် (၁၃/၆-၁၃/၇)ကြား စိန်နားကပ်တံတား တည်ဆောက်ရေးရှင်းလင်းဆောင်၌ တံတား တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များအား တံတားအထူးအဖွဲ့(၉) တာဝန်ရှိသူက ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူး- သနပ်ပင်- ခရမ်း- သံလျင်လမ်းသည် သီလဝါဆိပ်ကမ်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းဖြစ်ပြီး နောင်တစ်ချိန် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကအသုံးပြု သွားမှာဖြစ်၍ တံတားတည်ဆောက်ခြင်းအပြင် တံတားချည်းကပ်လမ်းများ ကောင်းမွန်မှုရှိစေရေး ထည့်သွင်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   ကဝမြို့နယ်၊ အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာ အထက်တန်း၌ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇန်နဝါရီ ၅              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်စုရပ်ကွက်၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါး(၂)သီးစိုက် ဧက(၁၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ပစျေးကွက်ဝင် တန်ဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး၊ ဒေသနွားနှင့် ဒေသကြက် တိုးချဲ့ မွေးမြူရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသနွားအား မေထုန်မဲ့သားစပ်ခြင်း၊ မျိုးမြှင့်တင်ပေးခြင်း အသိပညာပေးပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့သည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမှ၌ …

Read More »

ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ ညပိုင်းအချိန်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲသို့ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ (၇၈)နှစ်မြောက် ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်။           ထို့နောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအား မြန်မာသံတေးဂီတဖြင့် ဧည့်ခံ သီဆိုဖျော်ဖြေခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က အမှတ်တရဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »