နောက်ဆုံးရသတင်းများ

ယာယီရေဘေးရှောင်ကယ်ဆယ်ရေးခစန်းများရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ကူးစက်ရောဂါဖြစ်ပွားမှုမရှိ စေရေး အထူးအလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၁၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)အား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုအခါ ပဲခူးမြစ်ရေသည် အချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းလျက်ရှိ နေပြီဖြစ်၍ အများနှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ လမ်းများကို ပထမဦးစားပေး သန့်ရှင်းရေးပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများတွင် ဝမ်းရောဂါအပါအဝင် အခြားကူးစက် ရောဂါများ မဖြစ်ပွားစေရေး ခြင်ဆေးဖြန်းခြင်း၊ လက်ဆေးဆပ်ပြာရည်နှင့် ရေကောင်းရေသန့်ရရှိစေရေး စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးရန်လိုအပ်ပြီး ယာယီရေဘေးရှောင်စခန်းများရှိ ကျန်းမာရေးဝန်ထမ်း များက ကျန်းမာရေးဆိုင်ရာအသိ ပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဲခူးဒေသတွင် (၃)နှစ်တစ်ကြိမ်ခန့် ရေကြီးခြင်းဖြစ်ပေါ် နေသဖြင့် ရေကြီးရခြင်း၏ အကြောင်းကိုရှာဖွေ၍ လိုအပ်ပါက …

Read More »

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေ ရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိ

ပဲခူး ဩဂုတ် ၁၃       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက် ပိုင်းက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ သာသနာ့ဗိမာန်အောက်ထပ်၌ ဖွင့်လှစ်ထားသည့် သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ပြီး ရေဘေးဖြစ်ပွားသည့် နယ်မြေအလိုက် တာဝန်ပေးထားသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများအား ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် စားရေရိက္ခာဖူလုံစေရေးနှင့် လိုအပ်ချက်များအား အချိန်နှင့် တစ်ပြေးညီ ကူညီပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ လာရောက် လှူဒါန်းထားသည့် ထမင်းထုပ်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးနစ်မြှုပ်သည့် နေအိမ်များတွင် အိမ်စောင့်ရန် ကျန်ရှိခဲ့သော ပြည်သူများအတွက် ထမင်းထုပ်များ အချိန်မီရောက်ရှိစေရေး ပူးပေါင်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ စားသုံးကုန်များ ထပ်မံသွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ စားသုံး ကုန်များ ထပ်မံသွားရောက်ထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ကလျာဏီသိမ်တော်ကြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့် ကြေးနီကန်တိုက်အုပ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး၊ ထမင်းထုပ်များ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဆန်၊ ဆီ၊ အသား/ငါး၊ ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေး အပ်သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများအား စက်လှေများဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေပြန်လည် ကျဆင်းလာပြီဖြစ်သော်လည်း ပြည်သူများ ရေဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး၊ ယာယီရေဘေး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လု်ပငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ယခုအခါ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၃)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိပြီး ရက်ကွက် (၁၃)ခု၊ ကျေးရွာ(၆)ရွာတို့တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်းပေါင်း(၃၀)ခန့် ဖွင့်လှစ်ထားရှိပြီး ရေးဘေးသင့် အိမ်ခြေ(၃၄၉၄)၊ အိမ်ထောင်စု(၃၆၅၀)စု၊ လူဦးရေ (၁၅၃၉၅) ဦးအား ယာယီကူညီစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများ၏ နေ့စဉ် စားသောက်ရေးအတွက် လိုအပ်ချက်မရှိစေရေး မိမိတို့အစိုးရအဖွဲ့ ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ဘဲဥ၊ ကြက်ဥ၊ အသား/ငါးများ ဆက်လက်ပံ့ပိုး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်း အလိုက် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက် …

Read More »

ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန် များ သွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၁၀ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ် ခဲ့သော ရပ်ကွက်များတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်း များ၏ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား အခြေခံစားသုံးကုန်များနှင့် သီးခြား လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးတို့သည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဆုတောင်းပြည့်တော်ကြီး ကျောင်းတိုက်၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ ဒေသခံပြည်သူများအား အားပေးစကား ပြောကြားခဲ့ပြီး အခြေခံစားသုံးကုန် ဆန်၊ ဆီ၊ ကြက်ဥ/ဘဲဥ၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဝင်ရောက်သည့် ကျောက်ကြီးစုရပ်ကွက်အတွင်း …

Read More »