ပဲခူး ဇန်နဝါရီ ၄
============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ ညနေပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် နိုင်ငံတော်အဆင့် ဆုရရှိသူများအား ဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာပေဗိမာန်စာမူဆု ပထမရရှိသူနှင့် သုတပဒေသာ(ဝိဇ္ဇာ) စာပေဗိမာန်ဆု ပထမရရှိသူတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းအား လည်းကောင်း၊ လွတ်လပ်ရေးမော်ကွန်းဝင် ဦးခင်မောင်လေးအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်ငံတော်အဆင့် ကဗျာ၊ စာပေ ဆုရရှိသူများ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တာဝန်ထမ်းဆောင်စဉ် အသက်စွန့်လွှတ် ခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော (တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ)တို့အတွက် ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်း များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website