Daily Archives: September 28, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၈           ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုမရှိစေရေးနှင့် ရေထုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ရှင်လင်းဆောင်ရွက်နေမှုအား မြို့နယ်(၂၈)မြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့က တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်နှင့် ပဲခူးမြစ်တို့ ချိတ်ဆက်ထားသည့် ကုလားရိုက်ရိုးချောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘေး ကျုံးရေမြောင်း  ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းနေမှု၊ ကသစ်ပင်ရိုးချောင်း ရေကြောင်းရှင်းလင်းနေမှု၊ ပန်းလှိုင်ရပ်ကွက်၊ ကျုံးရိုးရေစီးဆင်းမှုကောင်းမွန်စေရေး ရှင်းလင်းနေမှုနှင့် ပဲခူးမြို့အတွင်းမှရေများ အဓိကထွက်သော အိုးဘိုချောင်း ရေထွက်ပေါက်တို့တွင် စက်ယန္တရား လူအင်အားဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုတို့အား …

Read More »