Daily Archives: September 25, 2026

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း

ပဲခူး စက်တင်ဘာ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းခွဲတာဝန်ခံများ၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများတို့အား နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် သီးထပ်စွမ်းအား တိုးတက်စေရေး ဆောင်ရွက် သွားရန်လိုအပ်သလို အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေရှားပါးမှုမဖြစ်ပေါ်စေရေး ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန်နှင့် စားဖိုဆောင်သီးနှံ တစ်အုပ်တစ်မ စိုက်ခင်းများ ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံစေရေးနှင့် မွေးမြူသူနှင့် စားသုံးသူကြား ဈေးနှုန်းသင့်တင့် မျှတမှုရှိစေရေး တိုးချဲ့မွေးမြူနိုင်ရန်အတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ကြောင်း၊ …

Read More »