Daily Archives: September 23, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့

ပဲခူး စက်တင်ဘာ ၂၃           တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026)သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ် H.E Mr. Ding Xuexiang၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ ဒုတိယသမ္မတ(၁) ဦးညိုစော၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒေသတွင်း အာဆီယံနိုင်ငံများမှ နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။           အဆိုပါ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆တွင် ပဲခူးတိုင်းဒေသကြီး၏မြို့တော် ပဲခူးမြို့ကို နှစ်လိုဖွယ်ရာမြို့(City of Charm)အစီအစဉ်တွင် မိတ်ဆက်ပြသခြင်း ပြခန်းတွင် ပဲခူးတိုင်း ဒေသကြီးမှ သမီးပျိုများက ပျူယဉ်ကျေးမှုအက၊ ကဗျာလွတ်အက၊ မြန်မာ့ရိုးရာသင်္ကြန်အကနှင့်  မြန်မာ့သနပ်ခါးယဉ်ကျေးမှုအကအလှတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်အပြင် …

Read More »