ပဲခူး စက်တင်ဘာ ၂၄ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကရုံးခန်း ၌ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီ တော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာ ဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၁၁၄ မီတာ (၃၇၄ ပေ)ရှိပြီး မြန်မာနိုင်ငံတွင် ဉာဏ်တော်အမြင့်ဆုံး စေတီတော်တစ်ဆူဖြစ်သည့်အတွက် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲ အား ခမ်းနားစွာ ဆင်ယင်ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ရာသီမရွေးဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး တပ်မတော် ကြည်း၊ရေ၊လေ မိသားစုများ၏ကောင်းမှုဖြင့် နေပူခံစကျင်ကျောက်ပြား ခင်းကျင်းလှူဒါန်းခဲ့ပြီးဖြစ်သည့် အပြင် အာရုံခံတန်ဆောင်းများ၊ ကျောက်စာရုံများနှင့် အခြားသာသနိက …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website