Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 40)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးသတ်တပ်ဖွဲ့သည် နိုင်ငံ၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိပြီး မည်သို့သော အခြေအနေမျိုးတွင် မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့်အညီ စွန့်လွှတ်စွန့်စားစွာ စွမ်းစွမ်း တမံ သယ်ပိုးဆောင်ရွက်သော ပြည်သူ့အကျိုးပြုတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် မီးဘေးအပြင် အခြားသော ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်နေသည့် တပ်ဖွဲ့တစ်ခုသည်နှင့်အညီ စည်းကမ်း ကောင်းမွန်မှု၊ အမိန့်နာခံကောင်းမွန်မှုနှင့်တို့အတူ တိုးတက်ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့ မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စံပြမီးသတ်စခန်းဆုရရှိသည့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၃ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃)ရက်နေ့၊ မွန်းလွဲပိုင်း က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီ မိုးသီးနှံစိုက်ပျိုးသည့် ရာသီရောက်ရှိ တော့ဖြစ်ရာ မြေအမျိုးအစားနှင့် စိုက်ပျိုးသီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူ အသိပညာပေး သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အဓိကအရေးပါသည့် သစ်ပင်စိုက်ပျိုးခြင်းများကို ရပ်ကွက်/ကျေးရွာ အလိုက် စုပေါင်း၍ တစ်အုပ်တစ်မ စိုက်ခင်းများ စိုက်ပျိုးသွားရန်နှင့် ပျိုးပင်ရရှိရေးကိုလည်း ပံ့ပိုးကူညီပေး သွားမှာဖြစ်ကြောင်း၊ …

Read More »

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်အားပေးထောက်ပံ့

ပဲခူး မေလ ၃ ===========         ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မေလ(၃)ရက်နေ့၊ နံနက်ပိုင်းက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြု လုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု့ အားပေးထောက်ပံ့ခဲ့သည်။      (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ သန္ဓေနှင့် အရံမီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၁၀၀)ဦးက စုပေါင်းသွေးလှူဒါန်းပေးကြသည်။       အဆိုပါ သွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့အားပေးပြီး သွေးလှူဒါန်းသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ အချိုရည်၊ အားဆေး၊ ဓာတ်ဆားထုပ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၂           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့် သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ Power Point လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေအား …

Read More »

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က “အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားများ၏ အခန်းကဏ္ဍ”အား ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် အလုပ်သမားနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြသည်။           ယင်းနောက် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ကိုယ်စားပြု “အံ့ခြူးကဗျာယိမ်းအဖွဲ့”က …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့၌ မေလ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSMEs ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၃၀           ပဲခူးမြို့၊ အမှတ်(၃၃)လမ်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်မေလ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSMEs ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ မေလ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSMEs ဈေးရောင်းပွဲတော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက MSMEs ဈေးရောင်းပွဲတော် ပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။           ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်များ ဈေးကွက်ရရှိရေး အတွက် တိုင်းဒေသကြီးအတွင်း ဈေးရောင်းပွဲတော်(၇)ကြိမ်၊နေပြည်တော်တွင် (၂)ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး တွင်(၁)ကြိမ်၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Style …

Read More »

ပဲခူးတိုင်းဒေသကြီးသို့ ဧပြီလအတွင်း ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁)သန်း တိုးတက် ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၆၀)ဦး ဖန်တီးပေးနိုင်ခဲ့

ပဲခူး ဧပြီ ၂၉ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က စက်ရုံလုပ်ငန်းများထူထောင်ရာတွင် သတ်မှတ်ထားသည့် စက်မှုဇုန်အတွင်း၌သာ ဦးစားပေးခွင့်ပြုပေး သွားရမည်ဖြစ်ပြီး လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များ လွယ်ကူစွာစီမံဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ တည်ဆောက်ဆဲစက်ရုံများနှင့် ခွင့်ပြုချက်/လိုင်စင်ရရှိရေး စောင့်ဆိုင်းနေရသည့် စက်မှုလုပ်ငန်းများအတွက် လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် ရုံးလုပ်ငန်းများတွင် ကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ဒေသခံလုပ်သားအင်အားများများ အလုပ်အကိုင် ဖန်တီးပေးနိုင်သည့် CMP လုပ်ငန်းများနှင့် ဒေသထွက် ကုန်ကြမ်းပစ္စည်းများဖြင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းလူသုံးကုန် ထုတ်လုပ်သည့်စက်ရုံများကို ဦးစားပေးဖိတ်ခေါ်သွားရမှာ ဖြစ်ကြောင်း၊ ပူပြင်းခြောက်သွေ့ သည့် ရာသီဥတုဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းအပြင် စက်ရုံအတွင်း စက်ရုံလုပ်သားများ ကျန်းမာရေးနှင့်ညီညွတ်စွာ လုပ်ကိုင်နိုင်ရန် …

Read More »

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူး ဧပြီ ၂၇ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)အား ပုံမှန်ဈေးနှုန်းအရ ၃ ဒဿမ ၉ ရာခိုင်နှုန်းတိုးတက်ရန်ရည်မှန်း ထားကြောင်းနှင့် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးအား နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂.၇၈၈ သန်း အကောင်အထည်ဖော်ရန် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပသည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်နှင့်အညီ တိုင်းဒေသကြီးအတွင်း သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများအား ရေးဆွဲ အတည်ပြုပြီး၍ တာဝန်ပေးအပ်ခြင်းကို …

Read More »

ပဲခူးတိုင်းဒေသကြီးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်

ပဲခူး ဧပြီ ၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပဲခူးတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ကို ယနေ့နံနက် ၉ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီ ၉ ပါတီမှ ပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အများပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦး က ဖြည့်စွက်အမှာစကား ပြောကြားပါသည်။ ၎င်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိက အီလက်ထရောနစ်မဲပေးစက် အကြောင်း Power Point ဖြင့် …

Read More »

သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီးတို့မှ တက်ရောက်လောင်းလှူကြည်ညို

ပဲခူး ဧပြီ ၂၄ ======================           ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ(၂၃) ရက်နေ့ ညနေပိုင်းအချိန်က သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့မှ တက်ရောက်လောင်းလှူကြည်ညိုခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ရန် ပြင်ဆင်နေမှု များအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်  ဘုရားအမှူးပြုသော သံဃာတော်အပါး(၅၀၀)အား အများပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် …

Read More »