Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 99)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မေ ၇ ============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မေလ (၇)ရက်နေ့၊ နံနက်ပိုင်းက ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဝါးကတုတ်သစ်တောပျိုးဥယျာဉ် ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးသစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဖုန်းနှင့် မြို့နယ်တာဝန်ခံ ဦးအောင်မင်းသူတို့က ဝါးကတုတ် သစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် နှစ်အလိုက် သစ်တောစိုက်ခင်းများသို့ ပျိုးပင်ဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းရာတွင် သစ်ပင်စိုက်ပျိုးခြင်းသည် အကောင်းဆုံးနှင့် ဈေးအသက်သာဆုံးဖြစ်၍ တစ်ပင်စိုက် တစ်ပင်ရှင်စနစ် ကို အလေးထား အကောင်အထည်ဖော် …

Read More »

နိုင်ငံပိုင်ရုပ်ရှင်ရုံ(ပြည်တော်အေး)၏ တာဝန်နှင့်ဝတ္တရား လွှဲပြောင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၆ ============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းဝေးခန်းမ၌ မေလ (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပြည်မြို့ရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ(ပြည်တော်အေး)၏ တာဝန်နှင့် ဝတ္တရား လွှဲပြောင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း ရုပ်ရှင်ရုံအဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပုဂ္ဂလိကသို့ အပြီး ရောင်းချခဲ့သည့် ရုပ်ရှင်ရုံ(၁၁)ရုံအနက် ပြည်မြို့ရှိ ထွန်းသီရိရုပ်ရှင်ရုံ နှင့် ပဲခူးမြို့ရှိ မင်္ဂလာရွှေဟင်္သာ ရုပ်ရှင်ရုံတို့သည် လွှဲပြောင်း/လက်ခံ မဆောင်ရွက်ခင်ကပင် ရုပ်ရှင်ရုံအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်၍ ရုပ်ရှင်ပြသလျက်ရှိကြောင်း၊ အဆင့်မြှင့်တင်ရန်ကျန်ရှိသည့် ရုပ်ရှင်ရုံများအနက် ပဲခူးမြို့ရှိ ညွှန့် ရုပ်ရှင်ရုံ၊ ပေါင်းတည်မြို့ရှိ တိုင်းချစ် ရုပ်ရှင်ရုံ နှင့် လက်ပံတန်းမြို့ရှိ စိန်စံပါယ်ဦး ရုပ်ရှင်ရုံတို့သည် ပဲခူးတိုင်းဒေသကြီး ရုပ်ရှင်ရုံလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်စီမံခန့်ခွဲမှုဖြင့် အဆင့်မြှင့်တင် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ပညာရေးမှူးများနှင့်တွေ့ဆုံ

ပဲခူး မေ ၅ ============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ၌ မေလ(၅)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ပညာရေးမှူးများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ် သည်။           ‌ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတစ်နိုင်ငံ ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးကိုအဓိကအခြေခံကြောင်း၊ ပညာရေး၏ အခြေခံသည် ဆရာ/ဆရာမများပင်ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်း၌ ခဏတာ CDM ပါဝင်ခဲ့ရပြီး ပြန်လည် တာဝန်ထမ်းဆောင်လိုသော်လည်း ခြိမ်းခြောက်ခံနေရသည့် ဆရာ/ဆရာမများအား မိမိတို့၏ ညီအစ်ကိုမောင်နှမစိတ်ထား၍  ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေး စည်းရုံးရေးအသွင် သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ကျောင်းဖွင့်ရာသီ တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနိုင်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းတိုင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီသာ ရပ်တည်သွား ရမည်ဖြစ်ကြောင်း …

Read More »

မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ လမ်းညွှန်မှာကြား

ပဲခူး မေ ၄ ============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ၌ မေလ(၄)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ‌ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး လူဦးရေ၏(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ မြို့ပြနှင့် ကျေးလက် ကွာဟမှု လျော့နည်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချ မှုဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် အလွန်အရေးကြီး ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးခြင်း၊ ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၂ ============     ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ မေလ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဇိုင်းတောင်(ခ)ကလပ်အသင်းနှင့် ပဲခူးကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယ တပ်မမှူးနှင့် ဌာနဆိုင်ရာများတက်ရောက်ပြီး ကြည့်ရှုအားပေးကြသည်။       ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စတုတ္ထရရှိသော ဒိုက်ဦးကလပ်အသင်း၊ တတိယဆုရရှိသော ရုံးကြီးအသင်း၊ ဒုတိယဆုရရှိသော ဇိုင်းတောင်(ခ)ကလပ်အသင်းတို့အား ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်က တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုတို့အား လည်းကောင်း၊ အကောင်းဆုံးကစားသမားဆုများဖြစ်သည့် ရိုက်ခုတ်အကောင်းဆုံးဆု၊ ပင့်ထောင်အကောင်းဆုံးဆုနှင့် စပေးဘောအကောင်းဆုံးဆုများ ရရှိကြသည့် အားကစားသမား များအား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် …

Read More »

ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သာယာဝတီခရိုင် ပြည်သူ့ ဆေးရုံနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး ဧပြီ ၃၀ ==================           ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၃၀) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ခဲ့ရာ၊ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာသူရက ဆေးရုံဆိုင်ရာ အချက်အလက် များ၊ ဆေးကုသမှု လုပ်ငန်းစဉ်များနှင့် ဆေးရုံအတွက် လိုအပ်ချက်များအား တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဆေးရုံဝန်းအတွင်း လိုအပ် လျက်ရှိသော ကွန်ကရစ်လမ်းလိုအပ်ချက်နှင့် အမှိုက်မီးရှို့စက်တည်ဆောက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား ဆန်၊ ဆီများ ထောက်ပံ့သည့်အပြင် ဆေးရုံအတွင်း တက်ရောက်ကုသနေ သည့် လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၉ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ ခရိုင်/မြို့နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၂၉)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ညောင်ဝိုင်း ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးမျိုးစေ့ထုတ်ဧက (၁၀၀)စံပြစိုက်ကွက်အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး၊ တောင်သူ ဦးအေးလွင်၏ လျှော်ဖြူစိုက်ခင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအား သွားရောက်ကြည့်ရှုခဲ့ရာ စိုက်ပျိုးရေးအပြင် မွေးမြူရေးပါတွဲဖက် ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက် (၁၀)မျိုးပါ မျိုးစေ့ထုတ်များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး စခန်းတာဝန်ခံ ဒေါ်မိုးသီတာက ငါးသားပေါက် မွေးမြူထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဒေသမျိုးရင်းငါးနှင့် စျေးကွက်တွက်ချေကိုက် ငါးမျိုးများ ဖြန့်ဝေပေးနိုင်ရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ပြီး ငါးတန်၊ ငါးမုတ်၊ တောင်ပေါ်ငါးသလောက်၊ ငါးခုံးမနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ကျေးလက်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၉ ====================             ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၉)ရက်နေ့၊ နံနက်ပိုင်းအချိန်က ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ ရွှေတောင်− ရွှေနတ်တောင်− ညောင်စာရေး−ကွေ့မပေါ်ရှိ ရွှေနတ်တောင်−ညောင်စာရေလမ်း (၃)မိုင် (၀.၅)ဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် Box Culvert (၃)စင်းတို့အား တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေကျပ်သန်း(၆၄၉.၈)သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုသည်။             ရှေးဦးစွာ လမ်းတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ ရွှေနတ်တောင်−ညောင်စာရေလမ်း (၃)မိုင် (၀.၅)ဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် Box Culvert (၃)စင်း ဆောက်လုပ်နေမှုအခြေအနေအား ပဲခူးတိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်လူက ရှင်းလင်း တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရွှေတောင်− ရွှေနတ်တောင်− ညောင်စာရေး−ကွေ့မလမ်းသည် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  ပြည်မြို့နယ်အတွင်း ကျန်းမာရေးနှင့် တောင်သူအကျိုးပြု လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဧပြီ ၂၈ ====================             ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၂၈)ရက်နေ့ နံနက်ပိုင်းက ပြည်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိခဲ့ရာ ဆေးရုံဝန်းအတွင်း သံကူကွန်ကရစ်(၅)ထပ် အထွေထွေရောဂါကု ဆေးရုံအဆောက်အဦသစ် ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံအတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများအား လမ်းညွှန်မှာကြားခဲ့သည်။             ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဇီးအုပ်ကျေးရွာ အုပ်စုအတွင်းရှိ တောင်သူလယ်သမားသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူလယ်သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများအတွက် နွေစပါးစိုက်ပျိုးရန် ရေလိုအပ်ချက်အား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တက်ရောက်လာသည့် ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက်(၁၀)မျိုးပါ သီးနှံမျိုးစေ့အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီးနောက် သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းမ၊ အိပ်ဆောင်၊ ထမင်းစားဆောင်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်း  သာယာဝတီခရိုင်အတွင်းရှိ နွေစပါးစံပြ စိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းကြည့်ရှု

ပဲခူး ဧပြီ ၂၇ =================             ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ (၂၇)ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာ ရတနာတိုး မျိုးသန့်စိုက်ခင်း(၁၀)ဧက၌ မျိုးကွဲနှုတ်ပယ်ခြင်းနှင့် တစ်ဆက်စပ်တည်း နွေစပါး(၆၀)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း၊  ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာအုပ်စု၊ မြောက်လွတ်ကုန်းကွင်း၌ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးထားသည့် နွေစပါး (၄၁၀)ဧကကို လည်းကောင်း၊ နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၌ စက်မှုလယ်ယာစနစ်ဖြင့် တောင်သူ(၂၀)ဦး၏ နွေစပါး စိုက်ခင်းဧက(၁၈၆)ဧကတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ရာ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်းက မျိုးသန့်စိုက်ခင်း ဆောင်ရွက်နေမှု အခြေအနေနှင့် နွေစပါးစိုက်ပျိုး အောင်မြင်နေမှု အခြေအနေတို့အား ရှင်းလင်းပြသခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဒေသခံတောင်သူများ၏ အဓိက လိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေရရှိရေးနှင့် လိုအပ်သော ကုန်ထုတ်လမ်းများ ထပ်မံဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာစာသင်ကျောင်းလိုအပ်ချက်များအား …

Read More »