ပဲခူး ဇူလိုင် ၁၈ ====================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၈) ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ လည်ပတ်နေသည် Oxygen Plant စက်အသစ်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် Oxygen Plant စက်အသစ် လည်ပတ်နေမှုအခြေအနေနှင့် နေ့စဉ်အောင်စီဂျင် ထုတ်လုပ်နေမှု အခြေအနေများနှင့် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ဆဲဖြစ်သည့် Liquid Oxygen Plant တည်ဆောက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးကောင်စီ တာဝန်ယူ ခဲ့သည့် အချိန်ကစပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား လူမျိုး/ဘာသာ မခွဲခြားဘဲ တာဝန်ယူ စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ယခု COVID-19 ရောဂါ တတိယလှိုင်း စတင်ခံစား ရသည့် …
Read More »Daily Archives: July 18, 2021
COVID-19 ရောဂါ တိုက်ဖျက်ရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ရုံးပိတ်ရက်(၉) ရက်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြား
ပဲခူး ဇူလိုင် ၁၆ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၁၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရုံးပိတ်ရက် (၉)ရက်သည် COVID-19 ရောဂါ ထိန်းချုပ်တိုက်ဖျက်နိုင်ရေးအတွက် အခွင့်အခါကောင်းဖြစ်၍ ထပ်မံကူးစက် ပြန့်နှံ့မှုမရှိစေရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် အောင်မြင်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့ Stay at Home သတ်မှတ်ထားသည့် မြို့နယ် များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များပေါ် ပြည်သူများ လိုက်နာမှုအားနည်းနေ သည်ကိုတွေ့ရှိရ၍ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိ သူများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website