Home / 2021 / July / 10

Daily Archives: July 10, 2021

ဘေးအန္တရာယ်အပေါင်းနှင့် ကပ်ရောဂါကင်းဝေးစေရေးအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဇူလိုင် ၁၀ =====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ(၁၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်ရှိ ဧတဒဂ်ရပုဂ္ဂိုလ်ထူးများ၏ စံကျောင်းတော်ကြီး၌ သတ္တဝါများ ဘေးအန္တရာယ်အပေါင်းနှင့် ကပ်ရောဂါအပေါင်းမှ ကင်းဝေးစေရေးအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြ သည့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကန်တော့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်(၁၅)ပါးအတွက် နဝကမ္မအလှူငွေ ကျပ်(၇၅၀၀၀ဝိ)လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လှည့်လည် ဖူးမြော်ခဲ့ကြသည်။           အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းအားဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း သတ္တဝါများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝင်းစေရန်၊ ကျရောက်နေသည့် ကပ်ရောဂါအပေါင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ ပဲခူးမြို့နယ်အတွင်းရှိ သုံးဂိုဏ်းဝင်ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်၊ စည်းကမ်းချက်များ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၁)  ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၉ ==================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)အား Online Zoom Meeting System  ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက COVID-19 ရောဂါကြောင့်သေဆုံးသူအများစုသည် ဆေးရုံသို့နောက်ကျမှ ရောက်ရှိလာသည့်အပြင်  သွေးထဲတွင် အောက်စီဂျင် အလွန်ကျဆင်းနေသည်ကို တွေ့ရှိရကြောင်း၊ ဒါကြောင့် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မကျန်းမာသူများ၊ အနံပျောက်ခြင်း၊ဖျားနာခြင်း၊ အသက်ရှုကြပ်ခြင်းများ ဖြစ်ပေါ်လာပါက ချက်ခြင်းပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူရန် အသိပညာပေးခြင်းအား ထပ်ခါ ထပ်ခါ နှိုးဆော်ပေးသွားရမည် ဖြစ်သည့်အပြင် မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ Hot Lineတယ်လီဖုန်းနံပါတ်များအား အများပြည်သူသိရှိနိုင်ရေး လူစည်ကား …

Read More »