Home / 2021 / July / 24

Daily Archives: July 24, 2021

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေသွားရောက်ထောက်ပံ့

ဒိုက်ဦး ဇူလိုင် ၂၄ ===================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၄)ရက် နေ့၊ ည(၈)နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ လိုက်ပါလျက် ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ၊ ဆေးရုံတာဝန်ခံ လက်ထောက်ဆရာဝန် ဒေါက်တာနန်းဝင်းက ကိုဗစ်-၁၉ ရောဂါ ကုသနေမှုအခြေအနေနှင့် ဆေးရုံအတွက် အောက်စီဂျင်လိုအပ်ချက်များ တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း အောက်စီဂျင် လိုအပ်ချက်အား အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေနှင့် အောက်စီဂျင်(၄၀)လီတာအိုး (၁၀)လုံးအား ချက်ခြင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ တွေ့ဆုံထောက်ပံ့ခြင်း

ပဲခူး ဇူလိုင် ၂၄ ===============================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့ (၂၂)ဖွဲ့အား ထောက်ပံ့ငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပရဟိတအလုပ် သည် လူတိုင်းလုပ်ကိုင်နိုင်ရန်ခက်ခဲပြီး အချိန်နှင့်ဘဝ ပေးဆပ်နေရသည့် သူရဲကောင်းများဖြစ်သည့် အပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ၌ ကျန်းမာရေးဝန်ထမ်းများနည်းတူ ရှေ့တန်းမှကာကွယ်နေရသည့် အသင်းအဖွဲ့များဖြစ်ကြောင်း၊ ပရဟိတသဘောသည် ပရ-အများ၊ ဟိတ-အကျိုးလို့ အနက်အဓိပ္ပာယ်ရသည့်အတွက် ပရဟိတ အသင်းအဖွဲ့များသည် အများအကျိုး၊ အများကောင်းကျိုး သယ်ပိုးထမ်းရွက်နေသူများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ကပ်ရောဂါဘေးအမျိုးမျိုးတို့တွင် ပရဟိတအသင်းအဖွဲ့များ၏ လုပ်ဆောင်မှုကဏ္ဍသည် ရှေ့တန်းမှပါဝင်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့ တိုင်းဒေသကြီး ကောင်စီအနေဖြင့် ပရဟိတအသင်းအဖွဲ့များကို …

Read More »