ပဲခူး ဇန်နဝါရီ ၃ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့ ညပိုင်းအချိန်က နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင် တတိယနေ့ ကျင်းပပြုလုပ်သည်။ အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ တရားနာ ပရိတ်သတ်များ လာရောက်ကြပြီး ပဲခူးမြို့ သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တသုန္ဒရဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ ဓဇဓမ္မာစရိယ ဘဒ္ဒန္တသုန္ဒရ ဆရာတော်က …
Read More »Daily Archives: January 3, 2022
စနစ်ကျသည့် စက်မှုနယ်မြေများ ပေါ်ထွက်လာစေရေး Town Plan ရေးဆွဲရာတွင် မြေနေရာ ထည့်သွင်းသတ်မှတ်ထားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား
ပဲခူး ဇန်နဝါရီ ၃ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်ယာမြေမှအပ ဥယျာဉ်ခြံမြေများ၊ ကိုင်းမြေများ၊ ယာမြေများနှင့် အခြားမြေများ အား အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုများအပေါ် မိမိတို့အစိုးရအဖွဲ့မှ ဥပဒေ၊ နည်းဥပဒေနှင့် အညီ ခွင့်ပြုချထားပေးရာတွင် စိုက်ပျိုးနိုင်သော မြေဧရိယာများ လျော့နည်းမှုမရှိစေရေး အနည်းဆုံး ဧရိယာကိုသာ ခွင့်ပြုချထားပေးလျက်ရှိကြောင်း၊ အခြားနည်းအသုံးပြုခွင့်ရရှိထားသည့် မြေများအား လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသူများအား စနစ်တကျ စိစစ်သွားရမည်ဖြစ်ကြောင်း၊ စက်မှု လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ Town Plan ရေးဆွဲရာတွင် တစ်ပါတည်းထည့်သွင်းရေးဆွဲ သတ်မှတ်ထားရန်နှင့် အဆိုပါဧရိယာအတွင်း၌သာ စက်မှုလုပ်ငန်းများ စနစ်တကျစိစစ် ခွင့်ပြုပေးသွား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website