Home / 2022 / January / 25

Daily Archives: January 25, 2022

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၅ ============= ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။        အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်ပေးဒိုင်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြပြီး (၅)ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုနှင့် (၁)ဦးချင်း၊ (၃)ယောက်တွဲ သရုပ်ပြသခြင်းအား ကြည့်ရှု့အားပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်တို့က (၁)ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် (၅)ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေး

ပဲခူး ဇန်နဝါရီလ ၂၄ ========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၄) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိစေရေးနှင့် လျှပ်စစ်မီတာခများ ကြွေးကျန်မရှိစေရေး အနီးကြပ်ကြီးကြပ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရရှိသည့်အခွန်ဘဏ္ဍာငွေဖြင့် ပြည်သူ့ဝန်ဆောင်မှုလု်ပငန်းများ ပြန်လည် ဆောင်ရွက်ပေးရခြင်းကို သိရှိနားလည်ရန်လိုအပ်ကြောင်း၊ မြို့တွင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် လမ်းဘေးဝဲယာ အရိပ်ရသစ်ပင် စိုက်ပျိုးနိုင်ရေး မြို့နယ်အလိုက် ပျိုးပင်များပျိုးထောင်ထားရှိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ မြို့နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်တည်ငြိမ်စေရေး လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် …

Read More »