Home / 2022 / January / 20

Daily Archives: January 20, 2022

အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော် ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်

ပဲခူး ဇန်နဝါရီလ ၂၀ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီ လ(၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော်အား ကျင်းပပြု လုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် စက်ဘီးစီးသမားများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ပြည့်စုံအောင် ဆောင်ရွက်ပေးရန်နှင့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်နယ်မြေမှာ ကျင်းပခြင်းဖြစ်၍ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနန္ဒအောင်က အားကစားဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး …

Read More »

တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၀ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည် ဟူသော အားကစားဆိုင်ရာ ခံယူချက်အတိုင်း အားကစား ကဏ္ဍမြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်း သော၊ စွမ်းရည်ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ များတွင် ပဲခူးတိုင်းဒေသကြီးပြေးခုန်ပစ် အသင်းမှ တံခွန်စိုက်ဆုဖလား များရရှိထားပြီး ဆက်လက်၍လည်း ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် ပြေးခုန်ပစ်အသင်းမှ တစ်ဦးချင်း ဆုနှင့် အသင်းလိုက်ဆုဖလားများရရှိအောင် စိတ်ဓာတ် စည်းကမ်းပြည့်ဝစွာ …

Read More »