ပဲခူး ဇန်နဝါရီ ၂၁ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ (၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် အသုံးဝင်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းများနှင့် လုပ်သားအင်အား များများအလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားရရှိနိုင် ရန်နှင့် ဥပဒေအရ အကာအကွယ်ပေးရမည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများခွင့်ပြုချထားပေးရာတွင် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်စေရန်နှင့် စက်မှုဇုန်ဥပဒေအရ လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website