ပဲခူး ဖေဖော်ဝါရီလ ၂၁ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာများ လိုက်ပါလျက် ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ် ဆေးရုံတည် ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ကလိ(၆)ထပ်ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ရာ ကလိဆေးရုံတည် ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးပါက ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ လူနာများ အား ပြောင်းရွေ့ကုသပေးမည့် အခြေအနေများနှင့် ဆေးရုံဧရိယာအတွင်း ရေကြီးမှုမဖြစ်စေရေး ရေဝင်/ထွက် ကောင်းမွန်စေရေးနှင့် ဆေးရုံရေရရှိရေး ဆောင်ရွက်မည့် အခြေအနေများအား တာဝန်ရှိသူများက အသီးသီးတင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများအပြင် ပဲခူးမြို့နယ်အတွင်း စက်မှုလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသဖြင့် …
Read More »