Home / 2022 / March / 18

Daily Archives: March 18, 2022

စိုက်ပျိုးနိုင်သောမြေများတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း၍ တောင်သူလိုအပ် ချက်များ ဖြည့်ဆည်းပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းပြောကြား

ပဲခူး မတ် ၁၈ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးတွင် စိုက်ပျိုးနိုင် သော မြေဧရိယာဧက သိန်း(၃၀)ကျော်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်လည်း ပေါကြွယ်ဝကြောင်း၊ စိုက်ပျိုးနိုင်သော မြေများတွင် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း၍ တောင်သူ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ ဝင်ငွေအမြန်ဆုံး ပြန်လည်ရရှိနိုင် သည့် (Quick Win) စိုက်ပျိုးရေးလုပ်ငန်းအား အထူးဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ စားဖိုဆောင်သီးနှံ (ဟင်းသီးဟင်းရွက်)စိုက်ခင်း များအား မြို့နယ်အလိုက်ဖော်ဆောင်သွားရန်နှင့် လိုအပ်ပါက ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေး ခြင်းကို …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၁၆ ===============         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်‌တော်ကြီး၌ မတ်လ(၁၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အတွင်းမှ ၂၀၂၂ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်နှင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။         ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား”ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို …

Read More »